တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၁၂)ဦး ထပ်တိုးတွေ့ရှိ

တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၁၂)ဦး ထပ်တိုးတွေ့ရှိ
အောက်တိုဘာ 12, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တလောမြို့တွင် အောက်တိုဘာလ(၁၂)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၂)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

တာချီလိတ်မြို့ အမှတ်(၁)ရပ်ကွက် သီရိမှ Covid-19 ကူးစက်ခံထားရသူ (၉)ဦး၊ ရပ်ကွက်(၂)တွင် (၁)ဦး၊ ရန်ကင်း(၁)ကျေးရွာတွင်(၁)ဦးတို့ ဖြစ်ရာ အမျိုးသား (၄)ဦး နှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း (၁၂)ဦး ထပ်တိုးတွေ့ရှိရခြင်း ဖြစ်သည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၃၁၈)ဦးအထိရှိနေပြီး ဆေးရုံနှင့် သီးသန့်စောင့်ကြည့်စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူများမှာ (၁၀၀)ကျော်အထိ ရှိကြောင်း နှင့် သေဆုံးသူမှာလည်း (၅)ဦးအထိ ရှိနေကြောင်း သိရသည်။