ငါးများ ဥချ၊ သားပေါက်ကာလဖြစ်၍ ဇူလိုင်လကုန်အထိ ငါးဖမ်းခြင်း မပြုရန်နှင့် ဘက်ထရီရှော့တိုက်ခြင်းများ မပြုရန် သတိပေးမှုကို လိုက်နာမှုအားနည်း

ငါးများ ဥချ၊ သားပေါက်ကာလဖြစ်၍ ဇူလိုင်လကုန်အထိ ငါးဖမ်းခြင်း မပြုရန်နှင့် ဘက်ထရီရှော့တိုက်ခြင်းများ မပြုရန် သတိပေးမှုကို လိုက်နာမှုအားနည်း
ဇူလိုင် 17, 2020
By Tachileik News Agency
ငါးများ ဥချ၊ သားပေါက်ကာလဖြစ်၍ ဇူလိုင်လကုန်အထိ ငါးဖမ်းခြင်း မပြုရန်နှင့် ဘက်ထရီရှော့တိုက်ခြင်းများ မပြုရန် သတိပေးမှုကို လိုက်နာမှုအားနည်း

ငါးမျိုးတုန်းနိုင်သဖြင့် ငါး ဥချ သားပေါက်ကာလဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင် (၃)လအတွင်း ငါးဖမ်းခြင်းများမပြုရန်နှင့် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းမပြုရန် သတိပေးချက်များ ထုတ်ပြန်ထားသော်လည်း မကွေးတိုင်းအတွင်းမှ ဒေသခံများအနေဖြင့် လိုက်နာမှု အားနည်းနေကြောင်း သိရသည်။

ငါးများဥချသားပေါက်သည့်ကာလတွင် ငါးဖမ်းဆီးမှုများ မရှိစေရန် သတိပေးထားသည့် ကာလအတွင်း ငါးခိုးဖမ်းမှု (၁၅)မှုကို မကွေး၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ပခုက္ကူ  မြို့နယ်(၄) ခုတို့၌ ဖမ်းမိထားပြီး ဖမ်းမမိသည့်အရေအတွက်က များနေသည်ဟု မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။

သွားဖမ်းတဲ့အခါမှာ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအရ ရဲတပ်ဖွဲ့လိုပါတယ်။ ဖမ်းတဲ့အခါလည်း သတင်း ပေါက်ကြားမှုရှိလို့ တစ်ကြောင်း၊  နေ့ဘက်မှ သွားဖမ်းရတော့ ဖမ်းဖို့လာတာ မြင်ပြီး ထွက်ပြေးကြလို့ က တစ်ကြောင်းကြောင့် မြစ်ထဲမှာ ချထားတဲ့ ကိရိယာတွေကိုပဲ ဖြုတ်သိမ်းရမိတယ်။ ငါးဖမ်းသူတွေက အစုအဖွဲ့နဲ့ ဘက်ထရီရှော့တိုက်ပြီး ညဘက် ဖမ်းတာများတယ်

ဟု မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန  တိုင်းဦးစီးမှူး ဦးမြင့်ရွှေ က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၌ ပြောသည်။

ငါးသားပေါက်သော ငါးရစ်ငါးသန်ကာလဖြစ်သည့် မေ၊ ဇွန်နှင့် ဇူလိုင် (၃)လအတွင်း ဆွဲပိုက်၊ တန်းပိုက်၊ ဘက်ထရီ ရှော့တိုက် နှင့် ဓာတုဆေးချ၍ ငါးဖမ်းခြင်းများမပြုရန် သတိပေးချက်များထုတ်ပြန်ထားသော် လည်း အလွယ်တကူ ငါးဖမ်းနည်းဖြစ်သည့် ဘထ္ထရီတစ်လုံး ၊ ရှော့တိုက်တံနှစ်ချောင်းသုံး၍ ငါးရှော့ တိုက် ဖမ်းဆီးမှု များပြီး မြို့နယ်(၄)ခုအတွင်း ငါးခိုးဖမ်းသည့်ဖြစ်စဉ်များမှ ပစ္စည်းကိရိယာမျိုးစုံ (၃၅)ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ငါးရှော့တိုက်ဖမ်းဆီးကြရာတွင် ငါးဖမ်းသူဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်အချို့လည်း ရှိပြီး ငါးခိုးဖမ်း သူများကို ဥပဒေကြောင်းအရ ထောင်ဒဏ်(၃)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ZYT


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~