တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအတွက် ဆေးနှင့် ဆေးပစ္စည်း ဘတ်တစ်သိန်းကျော်ဖိုးကို Singha International Pte.Ltd က လှူဒါန်း

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအတွက် ဆေးနှင့် ဆေးပစ္စည်း ဘတ်တစ်သိန်းကျော်ဖိုးကို Singha International Pte.Ltd က လှူဒါန်း
ဇူလိုင် 16, 2020
By 🌸
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအတွက် ဆေးနှင့် ဆေးပစ္စည်း ဘတ်တစ်သိန်းကျော်ဖိုးကို Singha International Pte.Ltd က လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်း ဘတ်တစ်သိန်းကျော်ဖိုးကို Singha International Pte.Ltd က ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့၌ လာရောက်လှူဒါန်းသည်။

ဒီဆေးတွေက ပိုးသတ်ဆေးထဲမှာ တော်တော်ကောင်းတဲ့ဆေးတွေပေါ့။ ကလေးတွေ သွေးလွန်တုပ်ကွေးလို ဘတ်တီးရီးယားပိုးဝင်တဲ့နေရာတွေမှာသုံးတယ်။ လူကြီးတွေမှာလည်းသုံးတယ်။ အရိုးကုတဲ့သူတွေ၊ ခွဲစိတ်လူနာတွေမှာ သုံးတယ်။ ပိုးကြောင့်သွေးဆိပ်တက်နေတာမျိုးဆို ဒီဆေးထိုးလိုက်ရင် အသက်ကယ်ပေးနိုင်တဲ့အဆင့်ထိဖြစ်တာပေါ့

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးနှင့် ဆေးပစ္စည်းများကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းတို့က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၄,၀၅၀) ခု၊ CS 1 ထိုးဆေးဘူး (၂၀၀)နှင့် Tazolin ထိုးဆေးဘူး (၁၅၀) တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~