ကျိုင်းတုံမှာ ဝက်ရှားပါးမှုများကြောင့် အရင်ထက် ပိုမွေးမြူနိုင်ရန် စီစဉ်

ကျိုင်းတုံမှာ ဝက်ရှားပါးမှုများကြောင့် အရင်ထက် ပိုမွေးမြူနိုင်ရန် စီစဉ်
ဇန်နဝါရီ 16, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ကျိုင်းတုံမှာ ဝက်ရှားပါးမှုများကြောင့် အရင်ထက် ပိုမွေးမြူနိုင်ရန် စီစဉ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဝက်တွေ ရှားပါးမှုများနဲ့ ရင်ဆိုင်နေရလို့ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ အရင်ထက်ပိုပြီးတော့ မွေးမြူနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ပြောပါတယ်။

အဲ့ဒီလို ဝက် တွေရှားပါးလာမှုများကြောင့် ဝက်သားသတ်လုပ်ငန်းကနေ ရရှိမဲ့ အခွန်ငွေ ကျပ်သိန်းပေါင်း (၁၇၀၀) လောက်လျော့နည်း သွားတဲ့အတွက် လမ်းတံတား တည်ဆောက်ပြုပြင်ရေး လုပ်ငန်းတွေ လျော့ချလုပ်ကိုင်ရမယ့် အနေအထားရှိတယ်လို့  ဆိုပါတယ်။

လက်ရှိမှာ ကျိုင်းတုံမြို့အတွင်း ဝက် ရှားပါးနေတဲ့အတွက် ဝက်သားဈေးနှုန်းတွေမြင့်တက်လာနေပေမယ့် ဈေးကွက်အတွင်းမှာ ဝက်သားတစ်ပိသာ (၁၅၀၀၀) နဲ့ရောင်းချနိုင်အောင်စီစဉ်ထားတယ်လို့ သိရပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~