တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် မြေယာလျော်ကြေးရရှိမည့် (၁၉၆)ဦးအနက် (၈၁)ဦးကို ပထမဆုံးအကြိမ် လျော်ကြေးငွေပေးအပ်မည်
တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် မြေယာလျော်ကြေးရရှိမည့် (၁၉၆)ဦးအနက် (၈၁)ဦးကို ပထမဆုံးအကြိမ် လျော်ကြေးငွေပေးအပ်မည်
ဇူလိုငျ 22, 2019
By Tachileik News Agency
တာချီလိတ်မြို့တွင် ဖောက်လုပ်မည့် မြို့ရှောင်လမ်း ဧရိယာ၌ ပါဝင်မည့် မြေနေရာများ၏ မြေယာလျော်ကြေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ကြရာတွင် ဒေသခံများက မြေယာလျော်ကြေးအား ကာလ ပေါက်ဈေးနှင့်အညီ ပေးရန်၊ နေရာပြန်လည်ချထားရာတွင် အဆင်ပြေမည့်နေရာအား ပြန်လည်ပေးရန်၊ လမ်းဧရိယာသတ်မှတ်ချက် ပေ(၁၀၀)အစား (၈၀)သို့ လျှော့ချ သတ်မှတ်ပေးနိုင်ခြင်း ရှိ၊မရှိ၊ လမ်းနယ်မှ ကျန်ရှိသည့်မြေတို့အား ဂရန်ချထားပေးမည့် အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြောင်း နှင့် လက်ရှိတွင် လမ်းနယ်အကျယ် (၈၄)ပေဖြင့် ဖေါက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ရန်အောင်မြေရပ်ကွက်အတွင်း ဖောက်လုပ်မည့် မြို့ရှောင်လမ်းဧရိယာ၌ ပါဝင်မည့် မြေနေရာများအတွက် မြေယာလျော်ကြေးရရှိမည့် (၁၉၆)ဦးအနက်မှ (၈၁)ဦးကို ပထမဆုံး မြေယာလျော်ကြေး အဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးကို သောကြာနေ့မှာ ပေးမှာ။ (၁၉၆) ယောက်မှာ လောလောဆယ် (၈၁) ယောက်ပေးမှာပေါ့။ ပထမအကြိမ်ပေါ့။ သောကြာနေ့ မနက် (၁၀) နာရီမှာ ရန်အောင်မြေ ဘုရားကြီးကုန်း ဘုန်းကြီးကျောင်းမှာ လုပ်မှာပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် ဖောက်လုပ်မည့် မြို့ရှောင်လမ်း ဧရိယာ၌ ပါဝင်မည့် မြေနေရာများ၏ မြေယာလျော်ကြေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ကြရာတွင် ဒေသခံများက မြေယာလျော်ကြေးအား ကာလ ပေါက်ဈေးနှင့်အညီ ပေးရန်၊ နေရာပြန်လည်ချထားရာတွင် အဆင်ပြေမည့်နေရာအား ပြန်လည်ပေးရန်၊ လမ်းဧရိယာသတ်မှတ်ချက် ပေ(၁၀၀)အစား (၈၀)သို့ လျှော့ချ သတ်မှတ်ပေးနိုင်ခြင်း ရှိ၊မရှိ၊ လမ်းနယ်မှ ကျန်ရှိသည့်မြေတို့အား ဂရန်ချထားပေးမည့် အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြောင်း နှင့် လက်ရှိတွင် လမ်းနယ်အကျယ် (၈၄)ပဖြေင့် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net