ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့၏ ကမ်းပါးပြိုကျမှုများကြောင့် မကွေးတိုင်းအတွင်း ယခင်နှစ်ထက် ရွှေ့ပြောင်းရသည့် အိမ်ခြေတိုးလာ

ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့၏ ကမ်းပါးပြိုကျမှုများကြောင့် မကွေးတိုင်းအတွင်း ယခင်နှစ်ထက် ရွှေ့ပြောင်းရသည့် အိမ်ခြေတိုးလာ
ဇူလိုင် 16, 2020
By Tachileik News Agency

ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့၏  ကမ်းပါးပြိုကျမှုများကြောင့် မကွေးတိုင်းအတွင်း ယခင်နှစ်ထက် ရွှေ့ပြောင်းရသည့် အိမ်ခြေတိုးလာ

ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့၏  ကမ်းပါးပြိုကျမှုများကြောင့် မကွေးတိုင်းဒေသကြီးအတွင်း၌ ရွှေ့ပြောင်းရသည့် အိမ်ခြေမှာ ယခင်နှစ်ထက် အရေအတွက် ပိုများလာကြောင်း သိရသည်။

၂၀၁၉ခုနှစ်က ရွှေ့ပြောင်းခဲ့ရသည့် အိမ်ခြေမှ (၂၀၀)ဝန်းကျင်သာရှိခဲ့သော်လည်း  ၂၀၂၀ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့အထိ ရွှေ့ပြောင်းရသည့် အိမ်ခြေမှာ (၂၈၀) ဝန်းကျင်ရှိကြောင်း မကွေးတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့တဲ့နှစ်က ကမ်းပါးပြိုလို့ အိမ်ခြေ(၂၀၀)လောက် ရွှေ့ပြောင်းခဲ့ရပြီး ဒီနှစ်မှာ ပြောင်းရွှေ့ရတဲ့အိမ်ခြေ ပိုများပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ကတော့ ကမ်းပြိုဒုက္ခနဲ့ကြုံတွေ့ရသူတွေကို ထောက်ပံ့မှုပြုပေးနေပြီး ကမ်းပြိုလို့ အန္တရာယ်ရှိနိုင်တယ်ဆိုရင် ကြိုတင်ဘေးလွတ်ရာတွေကိုရွှေ့ပြောင်းနိုင်ဖို့ ကျေးရွာတွေကွင်း ဆင်းပြီး အသိပညာပေးဟောပြောတာတွေလည်း လုပ်ပါတယ်

ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းအတွင်း ဧပြီလ(၁)ရက်မှ ဇူလိုင်လ (ယနေ့)အထိ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တွင် ကမ်းပြိုမှု (၁၄) ကြိမ်၊ မင်းဘူးခရိုင်ထဲမှ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ စသည့်မြို့နယ်တို့တွင် (၈)ကြိမ်၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် (၁၁)ကြိမ်၊ စုစုပေါင်း (၃၃)ကြိမ်ရှိခဲ့ပြီး အိမ်ခြေပေါင်း (၂၇၇)လုံး ရွှေ့ပြောင်းခဲ့ရကာ အိမ်ထောင်စုပေါင်း (၂၉၀)စု ကမ်းပြိုဘေးအန္တရာယ်နှင့်ကြုံတွေ့ခဲ့ရကြောင်း ဌာနမှတ်တမ်းများအရ သိရ သည်။

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ တိုက်စားမှုကြောင့် အဆိုပါမြစ်ကမ်းနံဘေးရှိ ကျေးရွာအချို့ ကမ်းပါးပြိုကျ၍ နှစ်စဉ် ရွှေ့ပြောင်းရလျှက်ရှိနေပြီး မကွေးတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးလျှက်ရှိနေပြီး တစ်အိမ်လျှင် ရွှေ့ပြောင်း ပြန်ဆောက်စရိတ် ကျပ် (၁)သိန်း နှုန်း၊ တစ်ဦးလျှင် ဆန်ရိက္ခာအတွက် ကျပ် (၂၁၀၀)နှုန်းဖြင့် ထောက်ပံ့ခဲ့ရာ ခုနှစ်တွင်  စုစုပေါင်း ကျပ် သိန်း(၃၀၀)နီးပါး ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~