ရွှေစက်တော်ဘုရားပွဲ ပိတ်လိုက်သော်လည်း အောက်စက်တော်ရာ ဆက်လက် ဖွင့်ထားမည်

ရွှေစက်တော်ဘုရားပွဲ ပိတ်လိုက်သော်လည်း အောက်စက်တော်ရာ ဆက်လက် ဖွင့်ထားမည်
မတ် 15, 2020
By Tachileik News Agency
ရွှေစက်တော်ဘုရားပွဲ ပိတ်လိုက်သော်လည်း အောက်စက်တော်ရာ ဆက်လက် ဖွင့်ထားမည်

မကွေးတိုင်းဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားရန် မန်းရွှေစက်တော်ဘုရားပွဲတော်အား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ကစ၍ ပိတ်လိုက်ပြီဖြစ်သော်လည်း အောက်စက်တော် ခြေတော်ရာကို ဧပြီလ (၁၇)ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

 ဖူးမြော်လိုသူတွေ အနေနဲ့ ရွှေစက်တော်ဘုရားကို နေ့ချင်းပြန် လာရောက်ဖူးမြော်နိုင်ပါပြီ။ လူစည်ကားတော့ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ဖြစ်ပေါ်လာရင် မထိန်းသိမ်းနိုင်မှာစိုးလို့ ဘုရားပွဲတော်ကို ပိတ်လိုက်ရတာ ဖြစ်ပါတယ်။ ပါဒခြေတော်ရာနှစ်ဆူကို ဖူးမြော်လိုစိတ်နဲ့ လာရောက်တဲ့ ဘုရားဖူးတွေကို ပိတ်ပင်တားဆီးတာတွေ မလုပ်ပါဘူး။ အောက်စက်တော်ရာမှာရှိတဲ့ ခြေတော်ရာကိုလည်း အစဉ်အလာအတိုင်း မြန်မာနှစ်ဆန်း(၁) ရက်နေ့ (ဧပြီလ ၁၇ ရက်နေ့) မှ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်

ဟု ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် (၃)လဝန်းကျင်အကြာ ကျင်းပလေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့နေဆဲဖြစ်ပြီး ကာကွယ်ဆေးနှင့် ကုသဆေးမရှိသေး၍ ကမ္ဘာ့ ကပ်ရောဂါအဖြစ် WHO က သတ်မှတ်ကြေညာလိုက်သဖြင့် မတ်လ (၁၃)ရက်နေ့မှစ၍ ဘုရားပွဲတော်ကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~