မင်းဘူးမြို့နယ်အတွင်း မန်းဆည်တော်အနီးရှိ အိုးပြင်မဲရွာတွင် မီးလောင်မှုဖြစ်ပွား၍ အိမ်ခြေ(၅၀)ဝန်းကျင် မီးသင့်

မင်းဘူးမြို့နယ်အတွင်း မန်းဆည်တော်အနီးရှိ အိုးပြင်မဲရွာတွင် မီးလောင်မှုဖြစ်ပွား၍ အိမ်ခြေ(၅၀)ဝန်းကျင် မီးသင့်
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency

မင်းဘူးမြို့နယ်အတွင်း မန်းဆည်တော်အနီးရှိ အိုးပြင်မဲရွာတွင် မီးလောင်မှု ဖြစ်ပွား၍ အိမ်ခြေ(၅၀)ဝန်းကျင် မီးသင့်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ်၊ မန်းဆည်တော်အနီးရှိ အိုးပြင်မဲကျေးရွာ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ညနေ (၅)နာရီ (၁၅)မိနစ်ဝန်းကျန်က မီးလောင်မှုဖြစ်ပွားသဖြင့် အိမ်ခြေ (၅၀) ဝန်းကျင် မီးဘေးသင့်သွားကြောင်း သိရသည်။

မီးဘေးသင့် ပြည်သူတွေကို စုပြီး ဘုန်းတော်ကြီးကျောင်းမှာ ခေတ္တနေရာချထားပေးနေပါတယ်။ တိုင်းအစိုးရ အဖွဲ့ကို သတင်းပို့ပြီး လူကယ်ပြန်နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ဆီကလည်း အကူအညီတွေရရှိအောင် အကြောင်းကြားပေးထားပြီးပါပြီ။ အိမ်ခြေ(၅၀)လောက် မီးသင့်ခံလိုက်ရတယ်လို့ လောလောဆယ် ခန့်မှန်းရ ပါတယ်

ဟု မင်းဘူးမဲဆန္ဒနယ် အမှတ်(၁)မှ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၆) စီးဖြင့် သွားရောက်ငြှိမ်း သတ်ခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းရင်းကို စစ်ဆေးလျှက်ရှိကြောင်း တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်၏ ပြောကြားချက်အရ သိရသည်။

အိုးပြင်မဲရွာမှာ ရွှေစက်တော်ဘုရားပွဲတော် လာရောက်သူများ ရေကစားအပန်းဖြေသည့် မန်းဆည်တော် အနီးတွင် ရှိနေခြင်းဖြစ်၍ ဆည်တော်၌ အပန်းဖြေလာရောက်ကြသူများ အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း ဆည်တော်နားနေဆောင်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မင်းဘူး/စကုမြို့နယ် မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်များ၊ ရွှေစက်တော်ဘုရားမှ မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ပေးခဲ့သည့်အပြင် ဒေသခံများကလည်း ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ကျော်စွမ်းရည်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~