တောင်သူများထံမှ ငွေကြေးရယူသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး တစ်ဦးကိုအဂတိလိုက်စားမှုဖြင့် အမှုဖွင့်

တောင်သူများထံမှ ငွေကြေးရယူသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး တစ်ဦးကိုအဂတိလိုက်စားမှုဖြင့် အမှုဖွင့်
ဇူလိုင် 3, 2020
By Tachileik News Agency
တောင်သူများထံမှ ငွေကြေးရယူသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး တစ်ဦးကိုအဂတိလိုက်စားမှုဖြင့် အမှုဖွင့် 

တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်း၊ လယ်မြေအား အခြားနည်းအသုံးပြု ခွင့်ပေးခြင်းနှင့် စိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်ခြင်းတို့အတွက် ငွေကြေးရယူမှုဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့၌ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးတစ်ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်း၊ လယ်ယာမြေ အခြားနည်းဖြင့် အသုံးပြု ခွင့်လျှောက်ထားခြင်းနှင့် စိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်ယူခြင်းတို့အတွက် ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးဌာနမှူးက ငွေကြေးရယူလုပ်ဆောင်နေကြောင်း ကော်မရှင်သို့ တိုင်ကြားလာသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ တာဝန်ထမ်းဆောင်နေပြီး ယခင်က ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင် လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးရာတွင် လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ရရှိသူ တောင်သူ (၁၇)ဦးထံမှ စုစုပေါင်း ငွေကျပ်(၆)သိန်း၊ လယ်ယာမြေအခြားနည်းဖြင့်သုံးစွဲခွင့်လျှောက်ထားသူ တောင်သူ (၅)ဦးထံမှ ငွေကျပ်( ၁,၁၅၀,၀၀၀) ကို လက်ခံရယူခဲ့ခြင်းတို့အား စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့မရဲစခန်းတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~