အမေရိကန် နှင့် ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့

အမေရိကန် နှင့် ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 25, 2020
By Tachileik News Agency
အမေရိကန် နှင့် ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့  

ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အသွားအလာကန့်သတ်ထားသူများမှ (၂)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့၌ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃၄၈)ဦး ရှိလာပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှ ပြန်လာ၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် အသွားအလာကန့်သတ်ထားသည့် အသက် (၆၅)နှစ်အရွယ် အမျိုးသမီး (၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာ၍ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အသွားအလာကန့်သတ်ထားသည့် အသက် (၃၆)နှစ်အရွယ် အမျိုးသား (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ (၂၅)ရက်နေ့အထိ အတည်ပြုလူနာများအနက် (၂၆၉)ဦးမှာ ပြန်လည်ကျန်းမာသွားပြီဖြစ်ပြီး (၆)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာတလွှားတွင် ဇူလိုင်လ (၂၅)ရက်နေ့အထိ COVID 19 ကူးစက်ခံရသူပေါင်း (၁၅,၅၃၈,၇၃၆)ဦးရှိသည့်အနက် (၆၃၄,၃၂၅)ဦးမှာ သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ စာရင်းအရ သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~