အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် ပြန်လာသူ (၅)ဦးတွင် Covid-19 ပိုးထပ်တွေ့

အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် ပြန်လာသူ (၅)ဦးတွင် Covid-19 ပိုးထပ်တွေ့
ဇူလိုင် 10, 2020
By Tachileik News Agency

အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် ပြန်လာသူ (၅)ဦးတွင် Covid-19 ပိုးထပ်တွေ့

ဓါတ်ခွဲဌာန(၅)ခုမှ ဓါတ်ခွဲနမူနာပေါင်း (၁၃၀၀)ကျော်ကို ဓါတ်ခွဲစစ်ဆေးရာက အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ပြန်လာသူ (၅)ဦးတွင် covid-19 ပိုး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်သည်။

ကူးစက်ခံရသည့် (၅)ဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ပြီး ၎င်းတို့ကို ကျောက်တံတားမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် Quarantine ထားရှိပြီး ဓါတ်ခွဲ စစ်ဆေးရာမှ ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့ ည(၈)နာရီအထိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန (၅)ခုတို့မှ ဓါတ်ခွဲနမူနာပေါင်း (၁၃၀၂)ခုကို စစ်ဆေးရာမှ (၅)ခုတွင် covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဇူလိုင်လ(၁၀)ရက်နေ့ ည(၈)နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် covid-19 ကူးစက်ခံရသူ စုစုပေါင်း (၃၂၆)ဦးအထိ ရှိနေပြီး သေဆုံးသူမှာ (၆)ဦးရှိနေပြီ ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~