ယူအေအီး က ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၃၁၆)ဦးရှိနေ

ယူအေအီး က ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၃၁၆)ဦးရှိနေ
ဇူလိုင် 6, 2020
By Tachileik News Agency

ယူအေအီး က ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၃၁၆)ဦးရှိနေ

ယူအေအီး က ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ စုစုပေါင်း (၃၁၆)ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ၂၀၂၀ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်သည်။

ယူအေအီးက ပြန်လာပြီး ကမာရွတ်မြို့နယ်တွင် Quarantine ထားရှိကာ  ဓါတ်ခွဲစစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိရသည့် အမျိုးသား(၃)ဦးမှာ အသက်(၂၉)၊ အသက်(၃၇) နှင့် အသက်(၃၉)နှစ်အရွယ်များ ဖြစ်ပြီး ၎င်းတို့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၆)ရက်နေ့တွင် ပထမအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန (၄)ခုတို့မှ ဓါတ်ခွဲနမူနာပေါင်း (၁,၃၂၆)ခုကို စစ်ဆေးရာမှာ (၃)ခုတွင် ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

၂၀၂၀ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ ည(၈)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် covid-19 ကူးစက်ခံရသူ (၃၁၆)ဦးရှိရာ သေဆုံးသူမှာ (၆)ဦးရှိပြီး သက်သာပျောက်ကင်းသူမှာ (၂၄၅)ဦး ရှိကြောင််း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~