လောင်းကစားလုပ်ငန်းများ ပေါများသည့် တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးကို ချဲထီး ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်

လောင်းကစားလုပ်ငန်းများ ပေါများသည့် တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးကို ချဲထီး ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်
ဖေဖော်ဝါရီ 18, 2023 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်၏ မြို့တော်တွင် အိမ်မွေး ကျားသစ်တစ်ကောင် လွတ်မြောက်သွားပြီး လမ်းမများပေါ်  လှည့်ပတ်သွားလာနေ၍ မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်း

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်တွင် နေအိမ်တစ်အိမ်၌ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားသည့် ကျားသစ်တစ်ကောင် လွတ်မြောက်သွားခဲ့ပြီးနောက် လမ်းမများပေါ် နာရီအတန်ကြာ လှည့်လည်သွားလာနေခဲ့ရာ မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းခဲ့ရကြောင်း တောရိုင်းတိရိစ္ဆာန်ဌာန တာဝန်ရှိသူများက ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင် ပြောသည်။

ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့က ပါကစ္စတန်မြို့တော် လမ်းမများပေါ် (၆) နာရီကြာ လှည့်လည်သွားလာနေခဲ့သည့် အိမ်မွေးကျားသစ်တစ်ကောင်ကို ဆိုရှယ်မီဒီယာ ဗီဒီယိုများတွင် တွေ့ရသည်။ 

ထိုဗီဒီယိုများတွင် အိမ်မှလွတ်လာသည့် ကျားသစ်အထီးက ကားများကြား သွားလာနေခဲ့ပြီး အမျိုးသားတစ်ဦးကို တိုးဝှေ့တိုက်ချခဲ့ကာ ဥယျာဥ်ခြံစည်းရိုးတစ်ခုကို ကျော်လွှားသွားခဲ့သည်။



"ကနဦး စုံစမ်းစစ်ဆေးမှုအရ ဒါက အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဖြစ်ပြီး လုံးဝ တောရိုင်းကောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျားသစ်က ကြောက်လန့်ခဲ့ပြီး အဆက်မပြတ် ဟိန်းနေခဲ့တယ်" ဟု အစ္စလာမ်မာဘတ် တောရိုင်းတိရိစ္ဆာန်စီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ ဒါရိုက်တာဖြစ်သူ Tariq Bangash က AFP သတင်းဌာနကို ပြောခဲ့သည်။ 

ပါကစ္စတန်တွင် မကြာသေးမီ နှစ်များအတွင်း ကျားသစ်ကဲ့သို့ တိရိစ္ဆာန်များကို အများအပြား တင်သွင်းမှုများရှိခဲ့ရာ တောရိုင်းတိရိစ္ဆာန်ဌာန တာဝန်ရှိသူများအတွက် ပြဿနာများ ဖြစ်စေမှုကြောင့် ၂၀၂၂ ခုနှစ်တွင် ထိုသို့တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။

သို့သော် ကျားသစ်ကဲ့သို့ တိရိစ္ဆာန်များကို နေအိမ်တွင် မွေးမြူထားခြင်းက ပါကစ္စတန်နိုင်ငံတွင် ချမ်းသာကြွယ်ဝမှုနှင့် ဩဇာကြီးမားမှုဩ၏ သင်္ကေတအဖြစ် ရှုမြင်ထားကြသည်။ 

အစ္စလာမ်မာဘတ်တွင် နေအိမ်မှလွတ်သွားသည့် ကျားသစ်ကြောင့် လူ (၄) ဦး ဒဏ်ရာအနည်းငယ်စီရခဲ့ကြပြီး ၎င်းကို တာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ထိုကျားသစ်ကို ၂၀၂၀ ခုနှစ်တွင် ပိတ်ခဲ့ရသည့် အစ္စလာမ်မာဘတ်မြို့ တိရိစ္ဆာန်ရုံဟောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

နေအိမ်မှလွတ်သွားပြီး ပြန်ဖမ်းမိခဲ့သည့် ကျားသစ်မှာ အသက် (၂) နှစ်နှင့် (၃) နှစ်ကြားအရွယ် ဖြစ်သည်။ 

ယခုအခါ ၎င်းကို တောရိုင်းတိရိစ္ဆာန်ဌာန တာဝန်ရှိသူများ မကြာသေးမီက ကယ်တင်ခဲ့သည့် ဝက်ဝံတစ်ကောင်၊ ကျားတစ်ကောင်နှင့် မျောက်များနှင့်အတူ တိရိစ္ဆာန်ရုံဟောင်းတွင် ထားရှိကြောင်း သိရသည်။ 

"အစ္စလာမ်မာဘတ်နဲ့ ရာဝဲလ်ပင်ဒီရဲ့ လူချမ်းသာရပ်ကွက်တွေမှာ လူတွေက ကျားသစ်အပါအဝင် တောရိုင်းတိရိစ္ဆာန်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားကြတဲ့ သတင်းတွေ ကျွန်တော်တို့ ရရှိထားပါတယ်" ဟု Bangash  ပြောသည်။

ယခုအခါ ရဲတပ်ဖွဲ့က ကျားသစ်၏ ပိုင်ရှင်ကို ရှာဖွေရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။ ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်မြို့မှာ နယ်မြေအတွင်းရှိ တောရိုင်းကျားသစ်များကို ကာကွယ်စောင့်ရှောက်ရန် ထိန်းသိမ်းရေးဇုန် ထူထောင်ထားသည့် Margalla Hills တောင်တန်းနယ်မြေနှင့် ကပ်လျက်တည်ရှိနေသည်။

Source: AFP

Photo: AFP/Aamir QURESHI,Rina S Khan Satti, SenatorSherryRehman