တာချီလိတ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့်ကာလ၌ ပတ်ဝန်းကျင်မှ ဆူညံသံများပြုလုပ်ပါက တိုင်ကြားနိုင်

တာချီလိတ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့်ကာလ၌ ပတ်ဝန်းကျင်မှ ဆူညံသံများပြုလုပ်ပါက တိုင်ကြားနိုင်
မတ် 9, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့်ကာလ၌ ပတ်ဝန်းကျင်မှ ဆူညံသံများပြုလုပ်ပါက တိုင်ကြားနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကာလ၌ ကျောင်းသူ ကျောင်းသားများ စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် ပတ်ဝန်းကျင်မှ ဆူညံသံများ မပြုလုပ်ကြရန်နှင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေသည့် ဆူညံသံများရှိပါက အချိန်မရွေး တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်ကို ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွေ ထုတ်ပြီးပါပြီ။ စာမေးပွဲကာလအတွင်း လိုက်နာဆောင်ရွက်ဖို့အတွက်ပါ။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ဘယ်လိုဆူညံသံမျိုးမဆို ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာ ရပ်/ကျေးတွေကို အနီးစပ်ဆုံး တိုင်ကြားလို့ရပါတယ်။ အကယ်၍ မြို့နယ်အုပ်ချုပ်ရေးရုံးကို တိုက်ရိုက်တိုင်ကြားချင်တယ်ဆိုရင် ၂၄ နာရီ ဂျူတီဖုန်းနံပါတ် ၀၈၄ - ၅၁၇၄၉ နဲ့ ၀၈၄ ၅၁၇၅၀ တို့ကို တိုင်ကြားနိုင်ပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလဖြစ်သည့် ၂၀၂၀ ခုနှစ် မတ်လ (၁၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအသီးသီး၌ မည်သည့်ဆူညံသံကိုမှ ခွင့်မပြုရန်နှင့် တာချီလိတ်မြို့တွင် ရပ်ကွက်အတွင်းရှိ ကာရာအိုကေ(KTV) နှင့် ဘိလိယက်ခုံများကိုပါ ပိတ်သိမ်းထားရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။

ဆူညံသံခွင့်မပြုခြင်းကို မလိုက်နာသည့် လုပ်ငန်းများရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~