သင်သိပါသလား Covid-19 ကာလတွင်း ကန့်သတ်အမိန့်များအားလုံး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့အထိ ထပ်တိုးလိုက်တယ်ဆိုတာ….

သင်သိပါသလား Covid-19 ကာလတွင်း ကန့်သတ်အမိန့်များအားလုံး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့အထိ ထပ်တိုးလိုက်တယ်ဆိုတာ….
ဇူလိုင် 29, 2020
By Tachileik News Agency

သင်သိပါသလား
Covid-19 ကာလတွင်း ကန့်သတ်အမိန့်များအားလုံး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့အထိ ထပ်တိုးလိုက်တယ်ဆိုတာ….

🔘 COVID 19 ကာကွယ်ရေးတားမြစ်ချက်၊ ပန်ကြားချက်များကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်အထိ သတ်မှတ်ထားရာကနေ နောက်ထပ် (၁၅) ရက် ထပ်မံတိုးမြှင့်လိုက်ပါတယ်။

🔘  ယင်းကဲ့သို့ တိုးမြှင့်လိုက်သဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ COVID 19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအားလုံး သြဂုတ်လ (၁၅) ရက်နေ့အထိ ဆက်လက်ရှိမှာဖြစ်ပါတယ်။

🔘 မြန်မာနိုင်ငံတွင် COVID – 19 ကူးစက်ခံရသူများ တွေ့နေရဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၃၅၁) ဦးရှိနေခြင်းဖြစ်ပါတယ်။

(COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့ ထုတ်ပြန်ချက်)