တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ညဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ထားမှု နောက်ဆုံးအခြေအနေ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ညဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ထားမှု နောက်ဆုံးအခြေအနေ
ဇူလိုင် 31, 2020
By Tachileik News Agency
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ညဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ထားမှု နောက်ဆုံးအခြေအနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လယ်က ရှမ်းရိုးမကွင်းအတွင်း ညဈေးပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးက သဘောတူထားပေမယ့် ပြည်နယ် COVID-19 ကော်မတီရဲ့ တရားဝင်ခွင့်ပြုချက် ရယူရဦးမှာဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

COVID-19 ကာလမှာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်းက ညဈေး အပါအဝင်  မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)နဲ့ အမှတ်(၂)တံတားသွားရာလမ်းရှိ ညဈေးတန်းတွေကို ယာယီပိတ်ထားတဲ့အတွက် ဈေးသည်အများစုက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်မှာ ယာယီဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချနေကြပါတဲ့အတွက် လမ်းပေါ်မှာ ယာဉ်ကြောကြပ်တည်းမှုများရှိနေတဲ့အတွက် ဈေးသည်များဟာ အရင်ကလိုပဲ ရှမ်းရိုးမကွင်းအတွင်းနဲ့ သတ်မှတ်နေရာများမှာ ပြန်လည်ရောင်းလိုတဲ့ ဆန္ဒတွေရှိနေကြပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~