ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေကျပ်တန် (၅၀၀)တန်အသစ် စတင် လဲလှယ်ခွင့်ပေး

ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေကျပ်တန် (၅၀၀)တန်အသစ် စတင် လဲလှယ်ခွင့်ပေး
ဇူလိုင် 21, 2020
By Tachileik News Agency

ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေကျပ်တန် (၅၀၀)တန်အသစ် စတင် လဲလှယ်ခွင့်ပေး

ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေကျပ်တန် (၅၀၀)တန်အသစ်ကို ဇူလိုင်လ(၂၁)ရက်နေ့က စပြီး မြန်မာ့စီးပွားရေးဘဏ်တွေကနေ လဲလှယ်ပေးနေသလို နယ်စပ်ဒေသ တာချီလိတ်မြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကလည်း လဲလှယ်ပေးနေတဲ့အတွက်  ဘယ်သူဖြစ်ဖြစ် ဘဏ်ဖွင့်ချိန်များမှာ လွတ်လပ်စွာ လဲလှယ်ရယူခွင့်ရှိနေပါပြီ။

အခုလို လဲလှယ်ခွင့်ပြုလိုက်တဲ့အခါမှာ ဒီလို ဇူလိုင်လ(၂၁)ရက်နေ့မှာ မိုးရွာနေပေမဲ့လည်း လာရောက်လဲလှယ်ကျသူတွေလည်း အများအပြားရှိသလို အဲ့ဒီထဲက တစ်ချို့ရဲ့ စကားသံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့  (၁၀၀၀) ကျပ်တန်ငွေစက္ကူသစ်များကို ရုံးဖွင့်ရက်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်  ဇန်နဝါရီလ (၇) ရက်နေ့က  လဲလှယ်ခွင့်ပေးခဲ့ပြီးနောက် အဲ့ဒီတုန်းက လဲလှယ်လိုသူများရဲ့ ဖုန်းနံပတ်များရယူခဲ့ပေမဲ့လည်း အခု လက်ရှိ (၅၀၀) တန်များကိုတော့ လွပ်လပ်စွာလဲလှယ်ခွင့်ပေးနေတယ်လို့ သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~