ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကျော် မြန်မာရွှေ့ပြောင်းလုပ်သားများ ဇူလိုင်လကုန်နှင့် နိုဝင်ဘာလကုန်အထိ နေထိုင်ခွင့် တိုးပေးထား

ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကျော် မြန်မာရွှေ့ပြောင်းလုပ်သားများ ဇူလိုင်လကုန်နှင့် နိုဝင်ဘာလကုန်အထိ နေထိုင်ခွင့် တိုးပေးထား
ဇွန် 17, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကျော် မြန်မာရွှေ့ပြောင်းလုပ်သားများ ဇူလိုင်လကုန်နှင့် နိုဝင်ဘာလကုန်အထိ နေထိုင်ခွင့် တိုးပေးထား

ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ COVID-19 ကာအတွင်း ဆက်လက်အလုပ် လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်ပြုထားသည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့ ကြေညာချက်အရ MoU၊ နယ်စပ်ကူးလက်မှတ်နှင့် ဗီဇာအမျိုးအစားအားလုံးအတွက် ဇူလိုင်လကုန်အထိ နေထိုင်ခွင့်နှင့် အထူး MoU များကို နိုဝင်ဘာလကုန်ထိ နေထိုင်ခွင့်ပေးထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအား နေထိုင်ခွင့်သက်တမ်း ဖြေလျော့ပေးမှုသတ်မှတ်ချက်အရ ထိုင်းနိုင်ငံအတွင်း MOU စနစ်ဖြင့် (၄)နှစ်ပြည့် ဝင်ရောက်လုပ်ကိုင်သူများအနက် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့မှစ၍ ဗီဇာသက်တမ်းကုန်သူများကို ဇူလိုင်လ (၃၁)ရက်နေ့အထိ တရားဝင်နေထိုင်ခွင့်၊ အထူး MOU ဖြင့် ဝင်လာသူများအနက် မတ်လ (၃၁)ရက်နေ့မှစ၍ ဗီဇာသက်တမ်းကုန်သည့် နာမည်စာရင်း တင်သွင်းထားသူများ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ နေထိုင်ခွင့်၊ နယ်စပ်ကူးလက်မှတ် (border pass) ဖြင့် ဝင်လာသူများတွင် မတ်လ (၂၆)ရက်နေ့မှစ၍ ဗီဇာသက်တမ်းကုန်သူများ ဇူလိုင်လ (၃၁)ရက်နေ့အထိ နေထိုင်ခွင့် နှင့်  ဗီဇာအမျိုးအစားအားလုံးအတွက် မတ်လ (၂၆)ရက်နေ့မှစ၍ ဗီဇာသက်တမ်းကုန်သူများ ဇူလိုင်လ (၃၁) ရက်နေ့အထိ နေထိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

ဖြေလျော့ပေးထားသည့် နေထိုင်ခွင့်သက်တမ်း ကျော်လွန်ပါက ၄ နှစ်ပြည့် MoU ဖြင့် နေထိုင်သူများအနေဖြင့် (၁၅)ရက်အတွင်း၊ နယ်စပ်ကူးလက်မှတ် (border pass) ဖြင့် နေထိုင်သူများ နယ်စပ်တံတားဖွင့်သည်မှစ၍ (၇)ရက်အတွင်း ထိုင်းနိုင်ငံမှ ထွက်ခွာကြရမည်ဖြစ်ပြီး အထူး MoU ဖြင့်နေထိုင်သူများ တင်သွင်းထားသည့် စာရွက်စာတမ်းအဆင့်ဆင့်တွင် ဆက်လက်လုပ်ဆောင်ရန်နှင့် မည်သည့်ဗီဇာအမျိုးအစားဖြင့် နေထိုင်သည်ဖြစ်စေ ဗီဇာသက်တမ်း ထပ်တိုးရန် သို့မဟုတ် ထိုင်းနိုင်ငံမှ ထွက်ခွာရန် လုပ်ဆောင်ရမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~