ကျောက်မဲမြို့နယ်အတွင်း ညဈေးနှင့် (၅) ရက်တစ်ဈေးများ ဇွန် (၃၀)အထိ ဖွင့်ခွင့် မရသေး

ကျောက်မဲမြို့နယ်အတွင်း ညဈေးနှင့် (၅) ရက်တစ်ဈေးများ ဇွန် (၃၀)အထိ ဖွင့်ခွင့် မရသေး
ဇွန် 15, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း ညဈေးနှင့် (၅) ရက်တစ်ဈေးများ ဇွန် (၃၀)အထိ ဖွင့်ခွင့် မရသေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ညဈေး၊ (၅) ရက် တစ်ဈေးများအားလုံးကို ယာယီကန့်သတ် ပိတ်ပင်ထားမှုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်အတွင်းက ညဈေးတွေ (၅) ရက်တစ်ဈေးတွေအားလုံး ဇွန်လ (၃၀) ရက်နေ့အထိ ဖွင့်ခွင့် မရသေးပါဘူး။ ကျောက်မဲညဈေးနဲ့ ကျောက်မဲနယ်ထဲက (၅) ရက်တစ်ဈေးတွေလည်း ဖွင့်ခွင့် မရသေးပါဘူး။ ညဈေးတွေ ပိတ်ထားရတော့ ဈေးသည်တွေလည်း ကျပ်တည်းနေမှာသိပါတယ်။ ဖွင့်လို့ရပြီလို့ ညွှန်ကြား ချက်ထွက်လာတာနဲ့ စည်းစနစ်တကျ ဖွင့်လှစ်နိုင်ဖို့ ကြိုတင်လုပ်ဆောင် ပေးထားပါတယ် “ ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၅) ရက်နေ့တွင် ပြောသည်။

ကျောက်မဲရှိ ဗဟိုဈေးကို ဇွန်လ (၁) ရက်နေ့ကစတင်၍  ဈေးတောင်ဘက်နှင့် မြောက်ဘက်ခွဲခြားကာ ဆိုင်ခန်းများ အလှည့်ကျ ဖွင့်လှစ် မနက်ခင်းဈေး( မင်္ဂလာဈေး)၊ ပျံကျဈေး ( ဘူတာဈေး )နှင့် နံနက်ခင်း အခွန်လွတ်ဈေးတို့ကို ဖွင့်လှစ်ခွင့်ပေးထားပြီး ဖြစ်သည်။

ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်စေသည့် လုပ်ငန်းအားလုံးကို ယာယီကန့်သတ်ထားရာမှ ဇွန်လ (၁)ရက်နေ့မှစ၍ လုပ်ငန်းအချို့ကို ရောဂါကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပေးနေပြီဖြစ်သော်လည်း လူစုလူဝေးဖြင့် ထိန်းသိမ်းစီမံရခက်ခဲမည့်လုပ်ငန်းများကို ကန့်သတ်ထားဆဲဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~