ေဆးလိပ္ေငြ႔ လံုး၀ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ထားသည့္ လားရႈိးၿမိဳ႕ရွိ ရန္တိုင္းေအာင္ ၿမိဳ႕ဦးေစတီေတာ္ပရဝုဏ္ႏွင့္ မန္ဆူေစတီေတာ္ ပရဝုဏ္တို႔တြင္ ေဆးလိပ္ ေရာင္းခ် ေသာက္သံုးပါက အေရးယူမည္

ေဆးလိပ္ေငြ႔ လံုး၀ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ထားသည့္ လားရႈိးၿမိဳ႕ရွိ ရန္တိုင္းေအာင္ ၿမိဳ႕ဦးေစတီေတာ္ပရဝုဏ္ႏွင့္ မန္ဆူေစတီေတာ္ ပရဝုဏ္တို႔တြင္ ေဆးလိပ္ ေရာင္းခ် ေသာက္သံုးပါက အေရးယူမည္
နိုဝင်ဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ေဆးလိပ္ေငြ႔လံုးဝ ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ ထားၿပီးျဖစ္သည့္ ရန္တိုင္းေအာင္ ၿမိဳ႕ဦးေစတီေတာ္ပရဝုဏ္ႏွင့္ မန္ဆူေစတီေတာ္ ပရဝုဏ္တို႔တြင္ ေဆးလိပ္ေသာက္သံုးျခင္း၊ ေရာင္းခ်ျခင္းမ်ားကို ေတြ႔ရိွရပါက ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေဆးလိပ္ေငြ႔ လံုးဝကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ထားတဲ့ေနရာေတြမွာ ေဆးလိပ္ေသာက္သံုးတာ၊ ေရာင္းခ်တာေတြ ေတြ႔ရင္ ေဆးလိပ္ေငြ႔ကင္းစင္ႀကီးၾကပ္ေရးေကာ္မတီကို တိုင္ၾကားလို႔ရပါတယ္။ ေကာ္မတီ ကေနတစ္ဆင့္  ကြင္းဆင္းစိစစ္ေရးအဖြဲ႔ကို ေစလႊတ္ၿပီးစစ္ေဆးမယ္။ အဖြဲ႔မွာပါဝင္တဲ့ ဥပေဒ ကၽြမ္းက်င္သူေတြနဲ႔ တိုင္ပင္ၿပီးေတာ့ အေရးယူေဆာင္ရြက္မွာျဖစ္ပါတယ္" ဟု ႀကီးၾကပ္ေရး ေကာ္မတီအဖြဲ႔ဝင္ ျဖစ္သည့္ ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာထြန္းလွျဖဴက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌ အျဖစ္ေဆာင္ရြက္ကာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္စည္ပင္သာယာေရး ႏွင့္ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရး၊ ၿမိဳ႕နယ္ပညာေရး၊ အားကစားႏွင့္ကာယပညာဦးစီးဌာနတို႔က အဖြဲ႔ဝင္မ်ား အျဖစ္ ပါဝင္သည့္ ေဆးလိပ္ေငြ႔ကင္းစင္ႀကီးၾကပ္ေရးေကာ္မတီကို ၂၀၁၆ ခုႏွစ္က စတင္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း ဦးစီး ေဆာင္ရြက္ေနသည့္ ေဆးလိပ္ေငြ႔ ကင္းစင္ ရွမ္းျပည္တစ္ခြင္က႑မွ ေဆာင္ရြက္ခ်က္တစ္ခုအျဖစ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဧၿပီလမွစတင္၍ ရန္တိုင္းေအာင္ ၿမိဳ႕ဦးေစတီေတာ္နယ္နိမိတ္အား ေဆးလိပ္ေငြ႔ လံုးဝကင္းစင္နယ္ေျမ အျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ ႏိုဝင္ဘာလ (၂၂) ရက္ေန႔တြင္ သမိုင္းဝင္ မန္ဆူေစတီေတာ္ နယ္နိမိတ္ကို ထပ္မံ သတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မန္ဆူေစတီေတာ္နယ္နိမိတ္တြင္ ေဆးလိပ္ေငြ႔ လံုးဝကင္းစင္နယ္နိမိတ္အျဖစ္ ႏိုဝင္ဘာလ (၂၂) ရက္ေန႔ နံနက္ပိုင္းက အခမ္းအနား က်င္းပသတ္မွတ္လုိက္ၿပီး စက္ဘီးစီးၿပိဳင္ပြဲ၊ ေဆးလိပ္ႏွင့္ပတ္သက္၍ ပညာေပးျပခန္း၊ အေမးအေျဖက႑ႏွင့္ ခ်ယ္ရီပန္းပင္ (၃၀) ပင္ ကို စိုက္ပ်ိဳးျခင္းတို႔လည္း ေဆာင္ရြက္ ၾကျခင္းျဖစ္သည္။

ေဆးလိပ္ေငြ႔လံုးဝကင္းစင္နယ္ေျမအတြင္း ေဆးလိပ္ေရာင္းခ်၊ ေသာက္သံုးမႈမ်ားမျပဳလုပ္ျခင္းျဖင့္ ပူးေပါင္း ပါဝင္ၾကရန္ႏွင့္ ေဆးလိပ္ေရာင္းခ်၊ေသာက္သံုးမႈမ်ားေတြ႔ရွိပါက ေစတီေတာ္မ်ားမွ ေဂါပကအဖြဲ႔မ်ား၊ ၿမိဳ႕နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာန အပါအဝင္ သက္ဆိုင္ရာဌာနမ်ားသို႔ တိုင္ၾကားျခင္းျဖင့္ ပူးေပါင္း ပါဝင္ႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆေးလိပ်ငွေ့လုံးဝ ကင်းစင်နယ်မြေအဖြစ် သတ်မှတ် ထားပြီးဖြစ်သည့် ရန်တိုင်းအောင် မြို့ဦးစေတီတော်ပရဝုဏ်နှင့် မန်ဆူစေတီတော် ပရဝုဏ်တို့တွင် ဆေးလိပ်သောက်သုံးခြင်း၊ ရောင်းချခြင်းများကို တွေ့ရှိရပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆေးလိပ်ငွေ့ လုံးဝကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးတာ၊ ရောင်းချတာတွေ တွေ့ရင် ဆေးလိပ်ငွေ့ကင်းစင်ကြီးကြပ်ရေးကော်မတီကို တိုင်ကြားလို့ရပါတယ်။ ကော်မတီ ကနေတစ်ဆင့် ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို စေလွှတ်ပြီးစစ်ဆေးမယ်။ အဖွဲ့မှာပါဝင်တဲ့ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးတော့ အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဖြစ်သည့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလှဖြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ပညာရေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့က အဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် ဆေးလိပ်ငွေ့ကင်းစင်ကြီးကြပ်ရေးကော်မတီကို ၂၀၁၆ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးစီး ဆောင်ရွက်နေသည့် ဆေးလိပ်ငွေ့ ကင်းစင် ရှမ်းပြည်တစ်ခွင်ကဏ္ဍမှ ဆောင်ရွက်ချက်တစ်ခုအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၈ ခုနှစ် ဧပြီလမှစတင်၍ ရန်တိုင်းအောင် မြို့ဦးစေတီတော်နယ်နိမိတ်အား ဆေးလိပ်ငွေ့ လုံးဝကင်းစင်နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီးနောက် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် သမိုင်းဝင် မန်ဆူစေတီတော် နယ်နိမိတ်ကို ထပ်မံ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန်ဆူစေတီတော်နယ်နိမိတ်တွင် ဆေးလိပ်ငွေ့ လုံးဝကင်းစင်နယ်နိမိတ်အဖြစ် နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက အခမ်းအနား ကျင်းပသတ်မှတ်လိုက်ပြီး စက်ဘီးစီးပြိုင်ပွဲ၊ ဆေးလိပ်နှင့်ပတ်သက်၍ ပညာပေးပြခန်း၊ အမေးအဖြေကဏ္ဍနှင့် ချယ်ရီပန်းပင် (၃၀) ပင် ကို စိုက်ပျိုးခြင်းတို့လည်း ဆောင်ရွက် ကြခြင်းဖြစ်သည်။

ဆေးလိပ်ငွေ့လုံးဝကင်းစင်နယ်မြေအတွင်း ဆေးလိပ်ရောင်းချ၊ သောက်သုံးမှုများမပြုလုပ်ခြင်းဖြင့် ပူးပေါင်း ပါဝင်ကြရန်နှင့် ဆေးလိပ်ရောင်းချ၊သောက်သုံးမှုများတွေ့ရှိပါက စေတီတော်များမှ ဂေါပကအဖွဲ့များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားခြင်းဖြင့် ပူးပေါင်း ပါဝင်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~