ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ မြန်မာ (၁၉)ဦးကို တာချီလိတ်ဘက်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ မြန်မာ (၁၉)ဦးကို တာချီလိတ်ဘက်သို့ လွှဲပြောင်း
ဇွန် 15, 2020
By 🌸
ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ မြန်မာ (၁၉)ဦးကို တာချီလိတ်ဘက်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၉) ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တာချီလိတ်ဘက်ခြမ်းသို့ လာရောက်လွှဲပြောင်းပေးသည်။

ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ပြစ်ဒဏ်စေ့ပြီဖြစ်၍ မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်ဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံကြခြင်းဖြစ်သည်။

တာချီလိတ်ဘက်တွင် လက်ခံထားသည့် အဆိုပါ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ quaratine center ၌ထားရှိကာ COVID 19 ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီးမှ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ယမင်း
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~