တာချီလိတ်မြို့ မြန်မာ - လာအိုနယ်စပ်ရှိ ဇွဲသာယာအပန်းဖြေစခန်းတစ်လျှောက် မြစ်ရေတိုက်စားခြင်း ကာကွယ်ရေး လုပ်ဆောင်နေ

တာချီလိတ်မြို့ မြန်မာ - လာအိုနယ်စပ်ရှိ ဇွဲသာယာအပန်းဖြေစခန်းတစ်လျှောက် မြစ်ရေတိုက်စားခြင်း ကာကွယ်ရေး လုပ်ဆောင်နေ
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency
တာချီလိတ်မြို့ မြန်မာ - လာအိုနယ်စပ်ရှိ ဇွဲသာယာအပန်းဖြေစခန်းတစ်လျှောက် မြစ်ရေတိုက်စားခြင်း ကာကွယ်ရေး လုပ်ဆောင်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းဖုန်း(က) ကျေးရွာအုပ်စုအတွင်း ဝမ်ပုံရှိ မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းဘေးတွင် ဇွဲသာယာအပန်းဖြေစခန်း လုပ်ကိုင်ခွင့်ရထားသူက မြစ်ကမ်းတစ်လျှောက် ရေတိုက်စားခံရခြင်း ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

"ဒီနေရာက ကျွန်တော်နဲ့ ဆိုင်တယ်ဆိုပေမဲ့ ဒါမြန်မာနိုင်ငံ။ ကိုယ်တတ်နိုင်တာကို ကိုယ့်ဘာသာ ထိန်းသိမ်းသွားတဲ့ သဘော။ အခုဇွဲသာယာဆိုတဲ့နေရာက မြေပုံထဲကတောင် ပဲ့ပါသွားပြီ။ ပြန်ပြီး ထိန်းသိမ်းနေတာ (၁၀) နှစ်လောက်ရှိပြီ"ဟု ဇွဲသာယာအပန်းဖြေစခန်းပိုင်ရှင် ဦးဇွဲက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မဲခေါင်မြစ်ကမ်းတွင် ဇွဲသာယာအပန်းဖြေစခန်းအဖြစ် လုပ်ကိုင်ခွင့်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း၌ ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်ပြီး မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးနံရံများပြိုကျခြင်းမှ ထိန်းသိမ်းခြင်းကို လက်ရှိ အပန်းဖြေစခန်း လုပ်ကိုင်ခွင့်ရထားသူက ယခင်ကတည်းက လုပ်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ကမ်းထိန်းနံရံတည်ဆောက်ခြင်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဇွဲသာယာအပန်းဖြေစခန်း တစ်လျှောက် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ကမ်းဘေးတွင် ဇွဲသာယာအပန်းဖြေစခန်းနှင့် လူနေအိမ်ယာဆောက်လုပ်ခွင့်ကို ၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရားဝင် ခွင့်ပြုချက်ရရှိခဲ့သဖြင့် မဲခေါင်မြစ်ကမ်းဘေးတွင် ဆိုင်ခန်းပေါင်း (၅၀) ကျော်ဆောက်လုပ်ပြီး အပန်းဖြေစခန်းကို စတင်ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~