မိုင်းဖြတ်မြို့တွင် အတည်ပြုလူနာ Case 64 နှင့် ထိတွေ့ခဲ့သူ (၅၄)ဦးကို ကန့်သတ် စောင့်ကြည့်ထား

မိုင်းဖြတ်မြို့တွင် အတည်ပြုလူနာ Case 64 နှင့် ထိတွေ့ခဲ့သူ (၅၄)ဦးကို ကန့်သတ် စောင့်ကြည့်ထား
ဧပြီ 15, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့တွင် အတည်ပြုလူနာ Case 64 နှင့် ထိတွေ့ခဲ့သူ (၅၄)ဦးကို ကန့်သတ် စောင့်ကြည့်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် အတည်ပြုလူနာ (Case 64) နှင့်ထိတွေ့ခဲ့သူ (၅၄)ဦးအား အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ Home Quarantine က (၃၃) ယောက် လုပ်ထားပါတယ်။ Facilities Quarantine ကတော့ (၆)ယောက် လုပ်ထားပါတယ်။ Home Quarantine က သူ့အိမ်မှာအတူနေတဲ့ သူ့အဘိုးက ဓမ္မဆရာဆိုတော့ သူ့အဘိုးက သွားဆုတောင်းပေးတဲ့ (၁၃)ယောက်ပေါ့နော်။ သူတို့ကိုလည်း Home Quarantine လုပ်ထားပါတယ်။ နောက် ကျန်းမာရေးဝန်ထမ်းဘက်က (၁၅)ယောက် Quarantine ယူထားပါတယ်။ အားလုံးကတော့ ကျန်းမာရေးအခြေအနေကောင်းပါတယ်”ဟု မိုင်းဖြတ် မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၅)ရက်နေ့တွင် ပြောသည်။

အသက်(၂၃)နှစ်အရွယ် အမျိုးသားဖြစ်သည့် အတည်ပြုလူနာ (Case 64) သည် ရန်ကုန်မြို့တွင် အတည်ပြုလူနာများတွေ့ရသည့် ဘာသာရေးပွဲတစ်ခုတက်ပြီး ပြန်ရောက်လာကြောင်း သိရသဖြင့် ဧပြီလ (၁၂)ရက်နေ့ကတည်းက ၎င်းနှင့်အတူ ၎င်း၏မိသားစုများ၊ လမ်းတစ်လျှောက်ထိတွေ့မှုရှိသူများ၊ ရန်ကုန် - ကျိုင်းတုံ လေယာဉ်အတူစီးလာသူများကို အသွားအလာကန့်သတ်ထားရှိပြီးဖြစ်သည်။

အဆိုပါ အမျိုးသားအား  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိ၍ မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ တဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့  ဧပြီလ(၁၅)ရက်နေ့ ည(၆)နာရီဝန်းကျင်တွင် ခေါ်ဆောင်သွားပြီဖြစ်သည်။

ယင်းနောက် ဧပြီလ (၁၅)ရက်နေ့တွင် အတည်ပြုလူနာဖြစ်ကြောင်း ဓါတ်ခွဲအဖြေရလာချိန်တွင် အနီးကပ်ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ၎င်း၏မိသားစုများနှင့် ထိတွေ့ခဲ့သူများကိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ထားခြင်းဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~