အဖွဲ့ဝင်များ အားလုံး အသက် (၆၅) နှစ်အထက်ဖြစ်သည့် ဂျပန်နိုင်ငံမှ G-Pop အမျိုးသားဂီတအဖွဲ့

အဖွဲ့ဝင်များ အားလုံး အသက် (၆၅) နှစ်အထက်ဖြစ်သည့် ဂျပန်နိုင်ငံမှ G-Pop အမျိုးသားဂီတအဖွဲ့
စက်တင်ဘာ 30, 2023 | နိုင်ငံတကာသတင်း
By Mr John

အသက်ကြီးသည့် လူဦးရေ သိသိသာသာ တိုးလာနေသော ဂျပန်နိုင်ငံတွင် သက်ကြီး အမျိုးသားဂီတအဖွဲ့ တစ်ဖွဲ့လည်း ရှိနေပြီး အဖွဲ့ဝင်များမှာ အသက်(၆၅) နှစ်နှင့် (၈၇) နှစ်အတွင်း ဖြစ်ကြသည်။

အဘိုးဟု အဓိပ္ပါယ်ရသော ဂျပန်ဘာသာစကားလုံး 'Ojii-san' (ojisan) ၏ အသံထွက်ကိုယူ၍ အဆိုပါ သက်ကြီး အမျိုးသားဂီတအဖွဲ့ကို G-Pop (Ji-Pop) ဟု လူသိများကြခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံမှ J-Pop နှင့် တောင်ကိုရီးယားနိုင်ငံမှ K-Pop တို့မှာ ဆယ်ကျော်သက်များနှင့် လူငယ်များကို ကိုယ်စားပြုသော ဂီတအဖွဲ့များဖြစ်သလို G-Pop မှာလည်း သက်ကြီး ဂီတအဖွဲ့ကို ရည်ညွှန်းသည်ဟု ဆိုသည်။

ကိုချီစီရင်စု အခြေစိုက် အဆိုပါ သက်ကြီး အမျိုးသားဂီတအဖွဲ့ကို အဖွဲ့ဝင် (၅) ဦးဖြင့် လွန်ခဲ့သည့် (၇) နှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

G-Pop ဂီတအဖွဲ့ စတင်ဖွဲ့စည်းပြီးနောက် မကြာမီမှာပင် Universal Studios Japan က ၎င်းတို့နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ဂျပန်အဘိုးအိုများ G-Pop အဖွဲ့၏ အအောင်မြင်ဆုံး တေးသီချင်း (၂) ပုဒ်မှာ 'Hooray to Old Age' နှင့် 'I Was Young' တို့ဖြစ်ပြီး YouTube တစ်ခုတည်းတွင် ကြည့်ရှုမှု သိန်းနှင့်ချီရှိပြီး မီဒီယာများစွာကလည်း စိတ်ဝင်စားခဲ့ကြသည်။

Source: Next Shark, Strait Times