ဖေဖော်ဝါရီလ(၄)ရက်နေ့ နေ့လည်(၁၁)နာရီခွဲအထိ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်သူ အတည်ပြုလူနာ (၂၀,၆၀၆)ဦးရှိပြီး (၄၂၇)ဦး သေဆုံး

ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency

ဖေဖော်ဝါရီလ(၄)ရက်နေ့ နေ့လည်(၁၁)နာရီခွဲအထိ  ကော်ရိုနာဗိုင်းရပ်စ် ကူးစက်သူ အတည်ပြုလူနာ (၂၀,၆၀၆)ဦးရှိပြီး (၄၂၇)ဦး သေဆုံး

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် စတင်ဖြစ်ပွားသည့် ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ခုနှစ်  ဖေဖော်ဝါရီလ (4)ရက်နေ့ ဒေသစံတော်ချိန်  နေ့လည်(၁၁)နာရီခွဲအထိ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့တွင် ကူးစက်ခံရသူစုစုပေါင်း (20,606)ဦး ရှိပြီး သေဆုံးသူ (၄၂၇)ဦးရှိလာရာ ကုသပျောက်ကင်းသူမှာ (၆၅၇)ဦးရှိကြောင်း သိရသည်။

ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~