မန္တလေးတိုင်းအတွင်း လူစုလူဝေးဖြစ်စေသည့် နေရာများ၊ ဆိုင်များအားလုံးပိတ်ရန်အပါအဝင် COVID 19 ကာကွယ်ရေး ကန့်သတ်ချက်များကို နိုဝင်ဘာလကုန်အထိ သတ်မှတ်ကန့်သတ်

မန္တလေးတိုင်းအတွင်း လူစုလူဝေးဖြစ်စေသည့် နေရာများ၊ ဆိုင်များအားလုံးပိတ်ရန်အပါအဝင် COVID 19 ကာကွယ်ရေး ကန့်သတ်ချက်များကို နိုဝင်ဘာလကုန်အထိ သတ်မှတ်ကန့်သတ်
နိုဝင်ဘာ 16, 2020
By Tachileik News Agency
မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်စေသည့် နေရာများ၊ ဆိုင်များအားလုံး ပိတ်ရန် အပါအဝင် COVID 19 ကာကွယ်ရေး ကန့်သတ်ချက်များကို နိုဝင်ဘာလကုန်အထိ သတ်မှတ်ကန့်သတ်
မန္တလေးတိုင်းဒေသကြီးအတွင်း ဘာသာရေးဆိုင်ရာနေရာများအပါအဝင် လူစုလူဝေးဖြစ်စေနိုင်သည့် နေရာများ၊ လုပ်ငန်းများ၊ ဆိုင်များ၊ ပွဲနှင့် အခမ်းအနားများအားလုံးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ တားမြစ်ထားခြင်းကို လိုက်နာခြင်းမရှိပါက အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရက နိုဝင်ဘာလ (၁၆) ရက်နေ့၌ ထုတ်ပြန်သည်။
COVID 19 ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နေရာများဖြစ်သည့် လူထုအပန်းဖြေနေရာများ၊ ပန်းခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ နိုက်ကလပ်၊ ကေတီဗီ၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲ၊ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ အနှိပ်ခန်း၊ GYM နှင့် Spa၊ အလှပြင်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် အင်းများကို ယာယီပိတ်ထားရန် ကန့်သတ်ထားခြင်းဖြစ်သည်။
ယင်းအပြင် အစားအသောက်ရောင်းသည့်ဆိုင်အားလုံး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုထားသည့်အပြင် ဆိုင်များအနေဖြင့် COVID 19  ကာကွယ်ရေးလမ်းညွှန်ချက်များအား လိုက်နာရမည်ဖြစ်သည်။
ဘုရားပွဲ၊ တရားပွဲ၊ တရားစခန်း၊ ဝတ်ပြုဆုတောင်းပွဲ၊ ရဟန်းခံရှင်ပြု၊ မင်္ဂလာဧည့်ခံပွဲ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများကို ခေတ္တယာယီပိတ်ထားသည့်အပြင် ဘုရားစေတီပုထိုးများအား သွားရောက် ဖူးမြော်ခြင်းကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်ပနှင့် နိုင်ငံတွင်း ရောဂါကူးစက်မှုမြင့်သည့်ဒေသမှ ပြန်လာသူများအနေဖြင့် facility quarantine တွင် (၁၄) ရက်နေထိုင်ပြီးပါက နေအိမ်တွင် (၇) ရက် ဆက်လက်ကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
ယင်းအပြင် တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ကိုလည်း ဆက်လက်ထားရှိပြီး နေ့စဉ် ည (၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄)နာရီအတွင်း အပြင်ထွက်သွားလာခြင်းကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တားမြစ်ချက်၊ ကန့်သတ်ချက်များကို နိုဝင်ဘာလ (၁၆) ရက်နေ့မှ နိုဝင်ဘာလကုန်အထိ သတ်မှတ်ထားကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~