အိန္ဒိယနိုင်ငံက ပြန်လာသည့် စစ်ကိုင်းမြို့က အမျိုးသားနှစ်ဦးတွင် Covid -19 ပိုးတွေ့

အိန္ဒိယနိုင်ငံက ပြန်လာသည့် စစ်ကိုင်းမြို့က အမျိုးသားနှစ်ဦးတွင် Covid -19 ပိုးတွေ့
ဇွန် 4, 2020
By Tachileik News Agency

အိန္ဒိယနိုင်ငံက ပြန်လာသည့် စစ်ကိုင်းမြို့က အမျိုးသားနှစ်ဦးတွင် Covid -19 ပိုးတွေ့

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန နေရာပေါင်း (၄)နေရာမှ ဓါတ်ခွဲနမူနာပေါင်း (၁,၁၈၆)ခုကို စစ်ဆေးရာ အိန္ဒိယနိုင်ငံမှ ပြန်လာသည့် စစ်ကိုင်းမြို့က အမျိုးသားနှစ်ဦးတွင် COVID-19 ပိုးတွေ့ရှိရကြောင်း အဖြေထွက်သည်။

Covid-19 ပိုးတွေ့ရှိသည့် အမျိုးသားနှစ်ဦးသည် အသက်(၃၀)နှစ်မှ အသက်(၃၂)နှစ်အရွယ်များဖြစ်ပြီး စစ်ကိုင်းမြို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများ ဖြစ်ကြောင်း နှင့် ၎င်းတို့သည် အိန္ဒိယနိုင်ငံက ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဇွန်လ(၄)ရက်နေ့ ည(၈)နာရီအထိ မြန်မာနိုင်ငံတွင် covid-19 ကူးစက်ခံရသူ (၂၃၆)ဦးအထိ ရှိလာပြီး သက်သာပျောက်ကင်းသူမှာ (၁၄၈)ဦး နှင့် သေဆုံးသူမှာ (၆)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~