ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ (၂၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၂၈၆)ဦးရှိနေ

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ (၂၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၂၈၆)ဦးရှိနေ
ဇွန် 19, 2020
By Tachileik News Agency

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ (၂၃)ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၂၈၆)ဦးရှိနေ

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန(၅)ခုတို့က ဓါတ်ခွဲနမူနာပေါင်း (၂၄၂၂)ခုအား ဇွန်လ(၁၈)ရက်နေ့က နှစ်သုတ်ခွဲ၍ စစ်ဆေးရာ ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှ ပြန်လာသူ (၂၃)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံမှ ပြန်လာသူ (၁၉)ဦး နှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ (၄)ဦးတို့တွင် Covid-19 ပိုးတွေ့ရခြင်း ဖြစ်ပြီး ၎င်းတို့အား အသွားအလာကန့်သတ်ထားကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးရာမှ  ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်(၈)နာရီအထိ Covid-19 ကူးစက်ခံရသူ (၂၈၆)ဦးအထိ ရှိနေပြီး သေဆုံးသူမှာ (၆)ဦးရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~