နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၉၄၆)ဦး ထပ်တိုး

နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၉၄၆)ဦး ထပ်တိုး
စက်တင်ဘာ 30, 2020
By Tachileik News Agency
နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၉၄၆)ဦး ထပ်တိုး
မြန်မာနိုင်ငံတွင် စက်တင်ဘာလ(၃၀)ရက်နေ့အတွက် စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ (၆၂၆၂)ခုတွင် အတည်ပြုလူနာသစ် (၉၄၆)ဦး ထပ်တိုးလာကာ ဆေးရုံဆင်းခွင့်ရသူ (၃၆၄)ဦးနှင့် သေဆုံးလူနာ (၂၆)ဦး ထပ်တိုးလာကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ည (၈)နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ထပ်တိုးလူနာသစ် (၉၄၆)ဦးရှိသဖြင့် စုစုပေါင်း အတည်ပြုလူနာမှာ (၁၃,၃၇၃)ဦးအထိ ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် သေဆုံးသူ (၃၁၀)ဦး ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID 19 ဓာတ်ခွဲနမူနာပေါင်း (၂၉၆၀၄၁) ခု ရှိခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ဓာတ်ခွဲဌာနများအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများ၌ Rapid Antigen Diagnostic Test Kit များဖြင့်ပါ စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~