တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို ပြန်လည် ဖွင့်လှစ်နိုင်ရေး နှစ်ဖက်အစိုးရကို တင်ပြနိုင်ရန် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြ

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို ပြန်လည် ဖွင့်လှစ်နိုင်ရေး နှစ်ဖက်အစိုးရကို တင်ပြနိုင်ရန် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြ
ဇွန် 24, 2020
By Tachileik News Agency

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို ပြန်လည် ဖွင့်လှစ်နိုင်ရေး နှစ်ဖက်အစိုးရကို တင်ပြနိုင်ရန် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နဲ့ မယ်ဆိုင်အကြား ပေါင်းကူးထားတဲ့ ချစ်ကြည်ရေး အမှတ်(၁)တားကို  Covid-19 ကြောင့် ပိတ်ထားတဲ့ ကာလ (၃)လတိတိပြည့်တဲ့ နေ့ဖြစ်တဲ့ ဇွန်လ(၂၃)ရက်နေ့မှာ တာချီလိတ် နဲ့ မယ်ဆိုင် နှစ်ဖက် တာဝန်ရှိသူတွေဟာ တံတားဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်ပြီး နှစ်ဖက်အစိုးရကို ပြန်လည်တင်ပြနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ စုပေါင်းရုံးမှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုဆွေးနွေးတာဟာ တစ်ဖက်နဲ့တစ်ဖက် Covid-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအပိုင်းက ဆောင်ရွက်ထားမှု အခြေအနေနဲ့ နှစ်နိုင်ငံနယ်စပ်ချောင်းမှတဆင့် ခိုးဝင်မှုများပပျောက်ရေး အပါအဝင် နှစ်နိုင်ငံပူးပေါင်းပြီး မယ်ဆိုင်ချောင်းတစ်လျောက် သန့်ရှင်းရေးပြုလုပ်ရန် စတဲ့ အခြားအကြောင်းအရာကိစ္စများကို အဓိက ထားဆွေးနွေးခဲ့တာဖြစ်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးတွေ့ရှိချက်ကို အထက်ကို ပြန်လည်တင်ပြသွားဖို့ အခုလို လာရောက်ဆွေးနွေးကြတာဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံတို့မှာ  Quarantine သတ်မှတ်ချက်တွေ ရှိနေသေးတာကြောင့်   တာချီလိတ်မြို့ရှိ  ချစ်ကြည်ရေး အမှတ်(၁)တံတားကို လတ်တလောအနေအထားအရ ဖွင့်လို့မရသေးဘူးလို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မယ်ဆိုင် နဲ့ တာချီလိတ်အကြားမှာ ရှိတဲ့  ချစ်ကြည်ရေးအမှတ်(၁)တံတားကို ထိုင်းဘက်က ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စတင်ပိတ်ခဲ့တာဖြစ်ပြီး ဇွန်လ(၂၃)ရက်နေ့မှာဆိုရင် တံတားပိတ်တဲ့ကာလဟာ (၃)လတိတိပြည့်ပြီ ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~