တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းပေါ်ရှိ စပယ်ရှယ်တောင်အတက်တွင် ယာဉ်ကြီး တစ်စီး စက်ချို့ယွင်း၍ တောင်ကြီးမှ လာသည့် ယာဉ်ကြီးမှ ညအိပ် စောင့်ခဲ့ရ

တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းပေါ်ရှိ စပယ်ရှယ်တောင်အတက်တွင် ယာဉ်ကြီး တစ်စီး စက်ချို့ယွင်း၍ တောင်ကြီးမှ လာသည့် ယာဉ်ကြီးမှ ညအိပ် စောင့်ခဲ့ရ
မေ 1, 2020
By Tachileik News Agency
တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းပေါ်ရှိ စပယ်ရှယ်တောင်အတက်တွင် ယာဉ်ကြီး တစ်စီး စက်ချို့ယွင်း၍ တောင်ကြီးမှ လာသည့် ယာဉ်ကြီးမှ ညအိပ် စောင့်ခဲ့ရ

တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ်ရှိ စပယ်ရှယ်တောင်အတက် အကွေ့တွင် ယာဉ်တစ်စီး စက်ချို့ယွင်းမှု ဧပြီလ(၃၀)ရက်နေ့ကတည်းက ဖြစ်နေ၍ မေလ(၁)ရက်နေ့ နေ့လည်(၁၂)နာရီခွဲအထိ ယာဉ်ကြီးများ သွားလာ၍ မရသေးဘဲ ရပ်တန့် စောင့်ဆိုင်းထားရကြောင်း သိရသည်။

စပယ်ရှယ်တောင်အတက် စတက်တက်ခြင်းအကွေ့ ညာကွေ့ နှစ်ကွေ့မြောက်မှာ ဖြစ်သွားတာ၊ အကွေ့မှာ ဖြစ်သွားတော့ သူ့ကားရဲ့ ဘယ်ကရော ညာဘက်ကရော ကားကြီးတွေ ကွေ့တက်လို့မရတာ၊ ကျွန်တော်လည်း မနေ့ညကတည်းက ရောက်နေတာ၊ ဒီမှာ ကားတွေအများကြီးပဲ ရောက်နေတာ၊ အဲ့ကားက ပြောင်းဖူးတွေတင်လာတဲ့ကားပါ

ဟု တာချီလိတ်မှ (၁၂)ဘီးယာဉ်မောင်း ကိုအောင်ကျော်ဆင့်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁)ရက်နေ့ နေ့လည်ပိုင်းတွင် ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တောင်ကြီးဘက်မှ လာသည့် ကုန်ပစ္စည်းများပါပြီး အလေးချိန်များသည့် ကားကြီးများမှာ ညအိပ် ရပ်တန့် စောင့်ဆိုင်းရသည်မှာ အစီး (၅၀)အထက်ရှိကြောင်း သိရသည်။

အတက်ကတော့ ကားပေါက်စရတယ်၊ ခါလီလည်းရတယ်၊ အဆင်းကတော့ ကားကြီးလဲရတယ်၊ တောင်ကြီးဘက်က လာတဲ့ ကားတွေကတော့ အချို့တက်ရဲတဲ့ကားကတော့ တက်သွားကြတယ်၊ မတက်ရဲဘဲ ခံနေတာကတော့ ကားကြီးတွေ (၅၀) (၆၀)လောက်ရှိတယ်

ဟု ယာဉ်မောင်း ကိုအောင်ကျော်ဆင့်က ပြောသည်။

၂၀၂၀ခုနှစ် ဧပြီလ(၃၀)ရက်နေ့က စ၍ မေလ(၁)ရက်နေ့ (၁၂)နာရီခွဲအထိ ယာဉ်ကြီးများ သွား၍ မရဘဲ ရပ်တန့်စောင့်ဆိုင်းထားရာမှ နေ့လည်(၁၂)နာရီခွဲကျော်မှ စ၍ ယာဉ်ကြီးများမှာ တစ်စီးပြီးမှ တစ်စီး စောင့်ဆိုင်းကာ သွားလာနေပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ကိုဇောင်း ( Ko Zaung )
ဓါတ်ပုံ - အောင်ကျော်ဆင့်၊ အန်းကူး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~