တာချီလိတ်မြို့ရှိ မိုတယ် တစ်ခုတွင် တရုတ်နိုင်ငံသား တစ်ဦး သေဆုံးနေ

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
တာချီလိတ်မြို့ရှိ မိုတယ် တစ်ခုတွင် တရုတ်နိုင်ငံသား တစ်ဦး သေဆုံးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မိုတယ် တစ်ခု၏ အခန်းအတွင်း တရုတ်နိုင်ငံသားတစ်ဦး နှာခေါင်း နှင့် ပါးစပ်တို့မှ အမြှုပ်များထွက်ကာ သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၃၄)နှစ်အရွယ် တရုတ်နိုင်ငံသား ချန်ပန် ဆိုသူဖြစ်ပြီး သေဆုံးနေသည်ကို ၂၀၂၂ခုနှစ် မတ်လ(၂၃)ရက်နေ့ အကူး နံနက်(၁)နာရီခွဲဝန်းကျင်အချိန်က တွေ့ရခြင်းဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်တိုင် ဒဏ်ရာရရှိထားခြင်း မတွေ့ရသော်လည်း နှာခေါင်းနှင့်ပါးစပ်တို့တွင် အမြှုပ်ထွက်နေသည်ကိုသာတွေ့ရှိရကြောင်း သိရသည်။

သေဆုံးမှုကို စစ်ဆေးနိုင်ရန်အတွက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား သယ်ဆောင်ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားသည် တာချီလိတ်သို့ ၂၀၂၀ခုနှစ် မတ်လ(၈)ရက်နေ့ကတည်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကနေ တရားဝင် ဝင်ရောက်ထားသူဖြစ်ကြောင်း သိရသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃/၂၀၂၂)ဖြင့် သေမှု သေခင်းရေးဖွင့်ထားကာ စစ်ဆေးနေကြောင်း သိရသည်။

#TachileikNewsAgency