ပင်လောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်နှင့်PNO ပူးပေါင်းအဖွဲ့ဘက်က အများအပြားသေဆုံးပြီး ခဲယမ်းများသိမ်းဆည်းရရှိ

Photo: KRU
Photo: KRU
ပင်လောင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်နှင့်PNO ပူးပေါင်းအဖွဲ့ဘက်က အများအပြားသေဆုံးပြီး ခဲယမ်းများသိမ်းဆည်းရရှိ
မတ် 13, 2023 | ရှမ်းတောင်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ပူး‌ပေါင်း PNO နှင့် တော်လှန်ရေးအင်အားစုများ (၃)ပတ်ကြာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေကာ  ခဲယမ်းတချို့သိမ်းဆည်းရရှိထားကြောင်း ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)က ၂၀၂၃ခုနှစ်၊ မတ်လ (၁၂)ရက်တွင် သတင်းထုတ်ပြန်သည်။

ပင်လောင်းမြို့နယ်တွင် ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်နှင့် PNO ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၊ မိုးဗြဲ PDF တပ်ရင်း ၁၊ ဖယ်ခုံ PDF၊ အလယ်ပိုင်းတိုင်းနေပြည်ဝောာ် PDF (တပ်ရင်း၈၀၄) ၊ အလယ်ပိုင်းတိုင်း ၁၁၀၁၊ ၁၁၀၂၊ ၁၁၀၃ ၊၁၀၀၇၊၁၀၀၉ ၊ SSLRU ၊ KNDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲတွင် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု တပ်ရင်း ကွန်မန်ဒိုတပ်ခွဲမှ ရဲဘော်တစ်ဦးနှင့် မဟာမိတ်အဖွဲ့များမှ ရဲဘော်တချို့လည်း ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲမှ စစ်ကောင်စီတပ်၏ ၇၉ ကျည် ၁၃ လုံး၊ MA-1 ကျည် ၁၆၀၀ တောင့်၊ စုပုံး ၇ လုံး၊ နင်းမိုင်း ၂ လုံး၊ MA- 1 ကျည်ဘောက် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ၆၀ မမ ပို့ယမ်း ၁ ထုပ်နှင့်အခြား ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ အသိပေးအကြောင်းကြားလာသောကိစ္စရပ်များအား အလေးအနက်ထား သတိပြုကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အပေါ် ယုံကြည်ပေးကြရန် တိုက်တွန်းနိူးဆော်ထားသည်။



စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှ သံဃာ  တော် (၃)ပါးအပါအဝင် လူ (၃၀)ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။