တာချီလိတ်တွင် Covid-19 အတည်ပြုလူနာ နောက်(၁)ဦး ထပ်တိုး၍ မနက်ပိုင်းအတွင်း ထပ်တိုးသူ (၃)ဦးရှိနေ

တာချီလိတ်တွင် Covid-19 အတည်ပြုလူနာ နောက်(၁)ဦး ထပ်တိုး၍ မနက်ပိုင်းအတွင်း ထပ်တိုးသူ (၃)ဦးရှိနေ
နိုဝင်ဘာ 28, 2020
By Tachileik News Agency

 တာချီလိတ်တွင် Covid-19 အတည်ပြုလူနာ နောက်(၁)ဦး ထပ်တိုး၍ မနက်ပိုင်းအတွင်း ထပ်တိုးသူ (၃)ဦးရှိနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့ နေ့လယ်ပိုင်းတွင် အတည်ပြုလူနာ အမျိုးသား (၁) ဦး ထပ်တိုးတွေ့ရသဖြင့် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၃)ဦး ထပ်တိုးလာသည်။
နိုဝင်ဘာလ (၂၈) ရက်နေ့တွင် အတည်ပြုလူနာ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထပ်တိုးလာသဖြင့် တာချီလိတ်ဆေးရုံတွင် အတည်ပြုလူနာ စုစုပေါင်း (၁၂) ဦးရှိလာပြီဖြစ်သည်။
ရောဂါကူးစက်သည့် အခြားဒေသများမှပြန်လာ၍ အသွားအလာကန့်သတ်ထားသူမဟုတ်ဘဲ ကျိုင်းတုံမြို့သို့သာ သွားရောက်ခဲ့ပြီး တာချီလိတ်မြို့တွင် နေထိုင်သည့် အမျိုးသမီး (၁) ဦး၌ COVID 19 ကူးစက်ခံထားရသူတစ်ဦးကို နိုဝင်ဘာလ (၂၅) ရက်နေ့က စတင်တွေ့ရပြီးနောက် အဆိုပါအတည်ပြုလူနာ အလုပ် လုပ်ကိုင်သည့် 1G1 ဟိုတယ်မှ ဝန်ထမ်းများအပါအဝင် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေ စစ်ဆေးပေးခြင်းအပြင် မိမိကိုယ်ကို သံသယရှိ၍ လာရောက်စစ်ဆေးသူများကို နိုဝင်ဘာလ (၂၈) ရက်နေ့မှစ၍ ဆေးရုံဟောင်းရှိ Fever Clinic တွင် စစ်ဆေးပေးနေခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅)ရက်နေ့ကစတင်တွေ့ရသည့် ဟိုတယ်ဝန်ထမ်းအတည်ပြုလူနာနှင့် ဆက်စပ်သည့်လူနာများအဖြစ် တာချီလိတ်မြို့တွင် (၁၀)ဦးနှင့် ကျိုင်းတုံတွင် (၁)ဦးတို့ကို နိုဝင်ဘာလ (၂၈)ရက်နေ့ နေ့လယ်ပိုင်းအထိ စစ်ဆေးမှုအတွင်း တွေ့ထားရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~