သီပေါတွင် မန္တလေးမှလာသည့် ပညာရေးဝန်ထမ်းတစ်ဦး၌ COVID 19 ပိုးတွေ့၍ သီပေါဆေးရုံ၌ ကုသပေးနေ

သီပေါတွင် မန္တလေးမှလာသည့် ပညာရေးဝန်ထမ်းတစ်ဦး၌ COVID 19 ပိုးတွေ့၍ သီပေါဆေးရုံ၌ ကုသပေးနေ
အောက်တိုဘာ 17, 2020
By 🌸
သီပေါတွင် မန္တလေးမှလာသည့် ပညာရေးဝန်ထမ်းတစ်ဦး၌ COVID 19 ပိုးတွေ့၍ သီပေါဆေးရုံ၌ ကုသပေးနေ
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် မန္တလေးမြို့မှ လာ၍ အသွားအလာကန့်သတ်ထားသည့် ပညာရေးဝန်ထမ်းတစ်ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့၌ သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပြီဖြစ်သည်။
အဆိုပါ ပညာရေးဝန်ထမ်းသည် စက်တင်ဘာ (၂၉)ရက်နေ့က အခြားပညာရေးဝန်ထမ်း(၈) ဦးတို့နှင့်အတူ မန္တလေးမှ သီပေါသို့ အငှားကားဖြင့်လာခဲ့ခြင်းဖြစ်ပြီး သီပေါ တိုးဂိတ်မှတစ်ဆင့် လူမှုကူညီရေး အသင်းကားဖြင့် Quarantine စင်တာသို့ တခါတည်း သွားရောက်နေထိုင်သူဖြစ်၍ သီပေါမြို့ပေါ်တွင် ထိတွေ့သူမရှိကြောင်း သိရသည်။
မန္တလေးမှ သီပေါသို့လာရာ လမ်းတစ်လျှောက်တွင် ဝက်ဝံမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်မှ ပါဆယ်ဝယ်ခဲ့ခြင်း၊ ခြေမြင်ပင်ကျေးရွာအနီးရှိ စက်သုံဆီ အရောင်းဆိုင်တစ်ဆိုင်တွင် ကားဆီဖြည့်ခဲ့ခြင်းသာရှိပြီး ဆိုင်ထိုင်စားသောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
သီပေါမြို့ရှိ အထက ၁ Quarantine စင်တာတွင် အသွားအလာကန့်သတ် ထားရှိသူများကို အောက်တိုဘာလ (၁၃) ရက်နေ့က နှာခေါင်း၊ အာခေါင် တို့ဖတ် နမူနာများရယူစစ်ဆေးခဲ့ပြီး အောက်တိုဘာ (၁၇) ရက်နေ့၌ ဓါတ်ခွဲ အဖြေရရှိခဲ့ခြင်းဖြစ်သည်။
အတည်ပြုလူနာအား Covid-19 ပရဟိတကွန်ရက်(သီပေါ)အဖွဲ့က သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - သီပေါရွှေပြည်ဒုဌဝတီ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~