မကွေးမြို့တွင် နှစ်ရက်တာအတွင်း ဓါး၊ကတ်ကြေးထိုးမှု (၃)ခုဖြစ်ပွားပြီး တစ်ဦးသေဆုံး

မကွေးမြို့တွင် နှစ်ရက်တာအတွင်း ဓါး၊ကတ်ကြေးထိုးမှု (၃)ခုဖြစ်ပွားပြီး တစ်ဦးသေဆုံး
မေ 24, 2020
By Tachileik News Agency
မကွေးမြို့တွင် နှစ်ရက်တာအတွင်း ဓါး၊ကတ်ကြေးထိုးမှု (၃)ခုဖြစ်ပွားပြီး တစ်ဦးသေဆုံး

မကွေးမြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင် လက်နက်ဖြင့် ကျူးလွန်မှု (၃)မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အားလုံးမှ ဒဏ်ရာရသွားသည့် အမျိုးသား (၃)ဦးအနက် (၁) ဦးမှာ သေဆုံးသွားပြီး ကျူးလွန်သူများအနက် (၂)ဦးကို ဖမ်းမိထားကာ (၁)ဦးကို ဖမ်းဆီးနေဆဲဖြစ်ကြောင်း သိရသည်။

မနေ့က ညနေ (၅) နာရီခွဲအချိန်လောက်မှာ အောင်မေတ္တာ (ဃ) ရပ်ကွက် (၃)လမ်းမှာ ဓားခုတ်မှု ဖြစ်တယ်။ သေဆုံးသူက မူးပြီးအိမ်ဝိုင်းထဲဝင်လာပြီး ကောင်မလေးကို မကြားဝံ့မနာသာပြောလို့ စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ခုတ်တာလို့ ကနဦးသိရတယ်

 ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။

မေလ (၂၃)ရက်နေ့က လူသေဆုံးမှုဖြစ်ပွားသည့် ဓါးခုတ်မှုတွင် နေအိမ်အတွင်း အရက်မူး၍ဝင်လာပြီး ဇနီးဖြစ်သူအား မကြားဝံ့မနာသာ ပြောဆိုသည့် ဖိုးအေး (ခ) မျိုးဝင်းထိုက်ကို အိမ်ရှင်ဖြစ်သူ ဇော်ထက်လင်း (ခ) ဇော်ထက်က ကိုင်းခုတ်ဓါးရှည်ဖြင့် လည်ဂုတ်ကို ခုတ်လိုက်ခြင်းဖြစ်၍ ဓါးဖြင့်ခုတ်ခံရသူ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဓါးဖြင့်ခုတ်သူ ဇော်ထက်လင်း (ခ) ဇော်ထက်အား မကွေးနယ်မြေရဲစခန်းတွင်  (ပ)၇၂၀/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၊ အမှုကြီး အမှတ်စဉ် (၄/၂၀၂၀)ဖြင့် အမှုဖွင့်ထားပြီး ကျန်နှစ်မှုကိုလည်း အမှုဖွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

မေလ (၂၂)ရက်နေ့ကဖြစ်ပွားသည့် ဓါးထိုးမှုတွင် အမျိုးသား (၁)ဦး ဒဏ်ရာရသွားခဲ့ပြီး ကျူးလွန်သူကို မေလ (၂၄)ရက်နေ့အထိ ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

မေလ (၂၃)ရက်နေ့ကဖြစ်ပွားသည့် ကတ်ကြေးထိုးမှုတွင် ဒဏ်ရာရသွားသည့် အမျိုးသား (၁)ဦးကို ဆေးရုံပို့ကုသပေးထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိထားကာ အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - မီးသတ်သမားလေး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~