တာခ်ီလိတ္ၿမိဳ႕ရွိ နန္းနန္းဘြန္းေက်ာက္ေရႊဆိုင္ကို အႏုၾကမ္းစီးသည့္အဖြဲ႔တြင္ ပါ၀င္သူတစ္ဦးဟုဆိုသူအား ဖမ္းဆီးရမိ၍ စစ္ေဆးေန

တာခ်ီလိတ္ၿမိဳ႕ရွိ နန္းနန္းဘြန္းေက်ာက္ေရႊဆိုင္ကို အႏုၾကမ္းစီးသည့္အဖြဲ႔တြင္ ပါ၀င္သူတစ္ဦးဟုဆိုသူအား ဖမ္းဆီးရမိ၍ စစ္ေဆးေန
မေ 5, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရွိ နန္းနန္းဘြန္းေက်ာက္ေရႊဆိုင္အႏုၾကမ္းစီးမႈတြင္ ပါ၀င္သည့္ တရားခံေျပးတစ္ဦးကို ၂၀၁၉ ခုႏွစ္ ေမလ (၄) ရက္ေန႔ ညေနပိုင္းက မိုင္းဖုန္း(က)ေက်းရြာအုပ္စုအတြင္း ဖမ္းဆီးရမိေၾကာင္း သိရသည္။

"မေန႔က ၀မ္ပံုကေနဖမ္းထားတာ။ တရားခံေျပးနဲ႔ဖမ္းထားတဲ့တစ္ေယာက္။ ၀မ္ပံုစခန္းမွဴးဖမ္းထားတာ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေမလ(၅)ရက္ေန႔တြင္ ေျပာသည္။

နန္းနန္းဘြန္းေက်ာက္ ေရႊဆုိင္အႏုၾကမ္းစီးမႈတြင္ ပါဝင္ခဲ့သူတစ္ဦးျဖစ္သည့္ အိုက္ခမ္းသန္း (ခ) ခမ္းထန္ (ခ) ဆန္ခမ္းဆန္ေနထိုင္ရာ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ဖတ္ဟိေက်းရြာရွိ ေနအိမ္အား  ၀မ္ပံုနယ္ေျမရဲစခန္းမွ စခန္းမွဴးရဲအုပ္တင္ေဇာ္၀င္းႏွင့္ တပ္ဖြဲ႔၀င္မ်ားက ၀င္ေရာက္ရွာေဖြရာတြင္ က်ည္ဆံ (၂) ေတာင့္၊ သစ္သားျဖင့္ျပဳလုပ္ထားသည့္ ေသနတ္ဒင္တစ္ခု၊ ေရႊအရည္ႀကိဳသည့္ ဖားဖိုတစ္လံုးအပါအ၀င္ သက္ေသခံပစၥည္းမ်ားႏွင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ မတ္လ (၂၉)ရက္ေန႔ နံနက္ (၇)နာရီဝန္းက်င္က လက္နက္ကိုင္ထားသည့္ လူ(၆)ဦးအဖြဲ႕မွ နန္းနန္းဘြန္းေက်ာက္ေရႊဆိုင္ကို ၀င္ေရာက္အႏုၾကမ္းစီးရာတြင္ ေရႊ (၈၀) က်ပ္သားဝန္းက်င္၊ စိန္ထည္ပစၥည္း ဘတ္သိန္း (၂၀)ဖိုးခန္႔၊ ထုိင္းဘတ္ေငြ သိန္း (၂၀)ႏွင့္ လက္ကိုင္ဖုန္း (၇)လံုးတို႔ပါသြားခဲ့ရာတြင္ ရဲတပ္ဖြဲ႕သို႔ ေန႔လယ္(၁၁) နာရီခန္႔တြင္ အေၾကာင္းၾကားခဲ့သျဖင့္ အခင္းျဖစ္ေနရာအား စစ္ေဆးၿပီးေနာက္  ဧၿပီလ (၁) ရက္ေန႔တြင္ ျပစ္မႈက်ဴးလြန္ရာတြင္ ပါ၀င္သည့္ ထိုင္းႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း၊ စံုစမ္းစစ္ေဆးခ်က္မ်ားအရ ဝမ္ကဲ (၂) ေက်းရြာမွ ျပစ္မႈက်ဴးလြန္သူ၏ေနအိမ္အား ဧၿပီလ (၂)ရက္ေန႔တြင္ဝင္ေရာက္ရွာေဖြရာ အႏုၾကမ္းစီးစဥ္က ပါဝင္သြားသည့္ ေရႊထည္ပစၥည္းအခ်ိဳ႕ ႏွင့္ သက္ေသခံပစၥည္းအခ်ိဳ႕ကို ရွာေဖြေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ခ်ဳပ္ေႏွာင္ထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

"မိေတာ့မိထားတယ္။ စစ္ေဆးေနတုန္းပါ"ဟု တာခ်ီလိတ္ၿမို႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ အႏုၾကမ္းစီးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၇၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၅ / က်င့္ ၅၁၂ျဖင့္အမႈဖြင့္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - TNA ၊ ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်အနုကြမ်းစီးမှုတွင် ပါဝင်သည့် တရားခံပြေးတစ်ဦးကို ၂၀၁၉ ခုနှစ် မေလ (၄) ရက်နေ့ ညနေပိုင်းက မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

"မနေ့က ဝမ်ပုံကနေဖမ်းထားတာ။ တရားခံပြေးနဲ့ဖမ်းထားတဲ့တစ်ယောက်။ ဝမ်ပုံစခန်းမှူးဖမ်းထားတာ"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၅)ရက်နေ့တွင် ပြောသည်။

နန်းနန်းဘွန်းကျောက် ရွှေဆိုင်အနုကြမ်းစီးမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် အိုက်ခမ်းသန်း (ခ) ခမ်းထန် (ခ) ဆန်ခမ်းဆန်နေထိုင်ရာ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဖတ်ဟိကျေးရွာရှိ နေအိမ်အား ဝမ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်တင်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာတွင် ကျည်ဆံ (၂) တောင့်၊ သစ်သားဖြင့်ပြုလုပ်ထားသည့် သေနတ်ဒင်တစ်ခု၊ ရွှေအရည်ကြိုသည့် ဖားဖိုတစ်လုံးအပါအဝင် သက်သေခံပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် မတ်လ (၂၉)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က လက်နက်ကိုင်ထားသည့် လူ(၆)ဦးအဖွဲ့မှ နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို ဝင်ရောက်အနုကြမ်းစီးရာတွင် ရွှေ (၈၀) ကျပ်သားဝန်းကျင်၊ စိန်ထည်ပစ္စည်း ဘတ်သိန်း (၂၀)ဖိုးခန့်၊ ထိုင်းဘတ်ငွေ သိန်း (၂၀)နှင့် လက်ကိုင်ဖုန်း (၇)လုံးတို့ပါသွားခဲ့ရာတွင် ရဲတပ်ဖွဲ့သို့ နေ့လယ်(၁၁) နာရီခန့်တွင် အကြောင်းကြားခဲ့သဖြင့် အခင်းဖြစ်နေရာအား စစ်ဆေးပြီးနောက် ဧပြီလ (၁) ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ ဝမ်ကဲ (၂) ကျေးရွာမှ ပြစ်မှုကျူးလွန်သူ၏နေအိမ်အား ဧပြီလ (၂)ရက်နေ့တွင်ဝင်ရောက်ရှာဖွေရာ အနုကြမ်းစီးစဉ်က ပါဝင်သွားသည့် ရွှေထည်ပစ္စည်းအချို့ နှင့် သက်သေခံပစ္စည်းအချို့ကို ရှာဖွေတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူအား တာချီလိတ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

"မိတော့မိထားတယ်။ စစ်ဆေးနေတုန်းပါ"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ အနုကြမ်းစီးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ / ကျင့် ၅၁၂ဖြင့်အမှုဖွင့် ဆောင်ရွက်နခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - TNA၊ ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net