တာချီလိတ်မြို့တွင် နေရာပေါင်း (၅)နေရာ၌ Quarantine ထားရှိသူ (၁၈၁)ဦးရှိ

တာချီလိတ်မြို့တွင် နေရာပေါင်း (၅)နေရာ၌ Quarantine ထားရှိသူ (၁၈၁)ဦးရှိ
ဇန်နဝါရီ 14, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ စာသင်ကျောင်း (၅) ကျောင်းတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့အထိ Quarantine ထားရှိသူ (၁၈၁) ဦးကျန်ရှိနေကြောင်း သိရသည်။

“ထိုင်းကလွှဲတဲ့ ပြစ်ဒဏ်စေ့တွေက မိုင်းကိုးမှာထားတာ။ လေကြောင်းလိုင်းနဲ့ ဝင်လာတဲ့သူတွေက ဝှေလေလန်မှာထားတယ်။ ခိုးဝင်လာတဲ့လူ (၁၀) ယောက်ကို တရားရုံးအမိန့်ချပြီးတော့ ဝမ်ပုံမှာ Quarantine ထားတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင်းသို့ ရှမ်းပြည်နယ်ပြင်ပမှ လာရောက်ရာတွင် ကုန်းလမ်းခရီးဖြင့်ဝင်ရောက်လာသူများကို စာသင်ကျောင်းများတွင် Quarantine ထားရှိပြီး လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာသူများကို Hotel Quarantine နှင့် စာသင်ကျောင်းများရှိ Quarantine များကိုရွေးချယ်ခွင့်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းကိုး အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၁) ဦး၊ ဝမ်ပုံ အခြေခံပညာကျောင်းတွင် (၁၃) ဦး၊ ဝှေလေလန် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် (၂၂) ဦး၊ ဝမ်ကောင်း(ကချင်ရွာ) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၁၉) ဦးနှင့် တာလော့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် (၂၆) ဦး၊ စုစုပေါင်း (၁၈၁) ဦးကို Quarantine ထားရှိထားသည်။  

  Tachileik News Agency

သတင်း - ဟန်စိုးထိုက်

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။