လာအိုနိုင်ငံမှ နေရပ်ပြန်ရန် စာရင်းပေးထားသည့် မြန်မာနိုင်ငံသားများကို မေလ(၈)ရက်နေ့တွင် ပြန်လည်လက်ခံပေးသွားမည်

လာအိုနိုင်ငံမှ နေရပ်ပြန်ရန် စာရင်းပေးထားသည့် မြန်မာနိုင်ငံသားများကို မေလ(၈)ရက်နေ့တွင် ပြန်လည်လက်ခံပေးသွားမည်
မေ 2, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ နေရပ်ပြန်ရန် စာရင်းပေးထားသည့် မြန်မာနိုင်ငံသားများကို မေလ(၈)ရက်နေ့တွင် ပြန်လည်လက်ခံပေးသွားမည်

မြန်မာ - လာအိုနယ်စပ် တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများကို ၂၀၂၀ ခုနှစ်၊ မေလ (၈) ရက်နေ့၌ ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သူတို့ ဒီဘက်ရောက်တာနဲ့ သူတို့နေရပ်ကို ပြန်နိုင်ဖို့ ကားတွေ စီစဉ်ပေးမယ်။ ခရီးစရိတ်ကတော့ ကိုယ့်ဘာသာ ပေးရမယ်။ ကိုယ့်နေရပ်မှာပဲကိုယ် Quarantine ဝင်ရမယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂)ရက်နေ့တွင် ပြောသည်။

၎င်းတို့အား လက်ခံမည့်နေတွင် ဝမ်ပုံဆိပ်ကမ်း၌ စက်လှေစီးခ နှင့် နေရပ်ပြန်ရန် ကားခကို မိမိတို့ အစီအစဉ်ဖြင့် ကုန်ကျရမည်ဖြစ်ပြီး လက်ခံပြီးပါက တခါတည်း နေရပ်အသီးသီးသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှနေ၍ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို  ပြန်လည်လက်ခံပေးနိုင်ရန်  စာရင်းကောက်ယူမှုကို ဆောင်ရွက်ရာတွင် မေလ (၂)ရက်နေ့အထိ စာရင်းအရ နေရပ်ပြန်လိုသူ စုစုပေါင်း (၁၇၇)ဦးရှိကြောင်း သိရသည်။

မြန်မာ-  လာအိုနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့နယ်အတွင်းရှိ  ဝမ်ပုံဆိပ်ကမ်းနှင့်  လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်ရှိ မိုင်းမောဆိပ်ကမ်းတို့ကြား ကူးသန်းသွားလာမှုကို COVID 19 ကာကွယ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ရာ လာအိုရောက် မြန်မာနိုင်ငံသားအချို့ နေရပ်ပြန်လိုသဖြင့် ယင်းကဲ့သို့ ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

ဝမ်ပုံဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ မြောက်ပိုင်း ဘိုကီယိုပြည်နယ်တွင် တရုတ် ရင်းနှီးမြုပ်နှံမှုဖြင့် အထူးစီးပွားရေး ဇုန်ဖေါ်ဆောင်လုပ်ကိုင်ခွင့် (၉၉)နှစ်အထိ ခွင့်ပြုထားသည့်နေရာ၌ ကာစီနိုလောင်းကစားရုံများအပါအဝင် ဆက်စပ်လုပ်ငန်းများ၌ မြန်မာဘက်မှ သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

လာအိုနိုင်ငံတွင်းမှ နေရပ်ပြန်လိုသူများ၏ စာရင်းကို လာအိုဘက်တွင် မြန်မာနိုင်ငံသား အများစုနေထိုင်သည့် ရခိုင်ရွာရှိ သောက်ရင်မူးဆိုင် တွင် စာရင်းကောက်ယူပေးခြင်းဖြစ်ပြီး စာရင်းမပေးရသူများအနေဖြင့်လည်း အဆိုပါ ဆိုင်တွင် မေးမြန်းစုံစမ်းက စာရင်းပေးနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~