Quarantine ထားရှိသူထဲက အမျိုးသားတစ်ဦးကို အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိရ၍ ဧပြီ(၂၉)တွင် ကူးစက်ခံရသူ (၁၅၀)ဦးမြောက်အထိ ရှိလာ

Quarantine ထားရှိသူထဲက အမျိုးသားတစ်ဦးကို အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိရ၍ ဧပြီ(၂၉)တွင် ကူးစက်ခံရသူ (၁၅၀)ဦးမြောက်အထိ ရှိလာ
ဧပြီ 29, 2020
By Tachileik News Agency
Quarantine ထားရှိသူထဲက အမျိုးသမီးတစ်ဦးကို အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိရ၍ ဧပြီ(၂၉)တွင် ကူးစက်ခံရသူ (၁၅၀)ဦးမြောက်အထိ ရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသွားအလာ ကန့်သတ်ထားသည့်  အမျိုးသမီး (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ နံနက်အစောပိုင်း၌ ဓါတ်ခွဲတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁၅၀) ဦး ရှိလာပြီကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

(၁၅၀)ဦးမြောက်အဖြစ် ကူးစက်ခံရသူသည် အသက်(၁၈)နှစ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဟားခါးပြည်သူ့ဆေးရုံတွင်  အသွားအလာ ကန့်သတ်(Quarantine)ထားရှိသူဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID 19 ပိုးစစ်ဆေးခြင်းအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အပြင်  ဆေးသုတေသနဦးစီးဌာန (DMR) တွင်ပါ ထပ်တိုးစစ်ဆေးနေခြင်းဖြစ်ပြီး ဧပြီလ (၂၈)ရက်နေ့ ည (၈)နာရီအချိန် ဓာတ်ခွဲနမူနာပေါင်း (၁၄၅) ခု၏ အဖြေထုတ်ပြန်ရာတွင် (၃)ဦးမှာ အတည်ပြုလူနာများအဖြစ် တွေ့ခဲ့ရပြီး ဧပြီလ (၂၉)ရက်နေ့ နံနက် (၇)နာရီ ထုတ်ပြန်သည့် ဓါတ်ခွဲနမူနာ (၂၆၈)ခုအနက် (၁)ဦးကို အတည်ပြုလူနာအဖြစ် တွေ့ခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၅၀)ဦးအနက် ဧပြီလ (၂၈)ရက်နေ့အထိ ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၁၆) ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပြီး ရောဂါကြောင့် သေဆုံးသူ (၅)ဦးရှိခဲ့ခြင်းဖြစ်သည်။

covid-19 နှင့် ပတ်သက်၍ ဓါတ်ခွဲစစ်ဆေးပြီးသည့် စောင့်ကြည့်နှင့်သံသယလူနာ စုစုပေါင်း (၇,၃၅၇)ဦး ရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~