တာချီလိတ်မြို့တွင် ဖမ်းမိထားသည့် လူငယ်တစ်ဦးအား စစ်ဆေးရာမှ   နောက်ထပ် တစ်ဦးကို ဖမ်းမိပြီး ကျန်လူငယ်များကိုလည်း ဖမ်းမိရေး စုံစမ်းနေ

တာချီလိတ်မြို့တွင် ဖမ်းမိထားသည့် လူငယ်တစ်ဦးအား စစ်ဆေးရာမှ   နောက်ထပ် တစ်ဦးကို ဖမ်းမိပြီး ကျန်လူငယ်များကိုလည်း ဖမ်းမိရေး စုံစမ်းနေ
မေ 27, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း နေထိုင်သူ လူငယ်တစ်ဦး  မေလ(၂၆)ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ၎င်းအား စစ်ဆေးချက်အရ နောက်ထပ် လူငယ်တစ်ဦးထပ်မံ ဖမ်းဆီးခံရကြောင်း သိရသည်။

မေလ(၂၆)ရက်နေ့ နေ့လည်(၂)နာရီကျော်အချိန်က ရဲနှင့်စစ်တပ်(စရဖ)တို့ ပါဝင်သည့်အဖွဲ့က ဝမ်ကောင်းရပ်ကွက်၊ အားခေရွာအတွင်းနေ စိုင်းလင်းကျော်အား သွားရောက်ဖမ်းဆီးပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ရာက ဆက်စပ်သူ (၂၀)ကျော်၏ အမည်များ ထွက်ပေါ်ခဲ့ပြီးနောက်  ဇင်ကိုအောင်(ခ)အူငဲ အား  မေလ(၂၆)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က  သွားရောက်ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့(၂)ဦးအား မေလ(၂၆)ရက်နေ့က ညကစ၍ ယနေ့ မေလ(၂၇)ရက်နေ့အထိ စစ်ဆေးမှုများ ပြုလုပ်နေဆဲပြီး စစ်ဆေးပေါက်ပေါ်လာသည့် အမည်စာရင်းများအရ နောက်ဆက်တွဲ ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေလျက်ရှိကြောင်း သိရသည်။   

၎င်းတို့အား တာချီလိတ်မြို့တွင်း ဆန္ဒပြမှုများ အပါအဝင် ဖောက်ခွဲမှုများနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ပြီး လက်ရှိတွင် ပုဒ်မ ၅၀၅-က အပါအဝင် အခြား ပုဒ်မများဖြင့်ပါ အမှုဖွင့်လှစ်ထားသည်ဟု သိရသည်။