ကျောက်မဲတွင် ပြည်ပပြန်၊ ရခိုင်၊ ရန်ကုန်နှင့် မန္တလေးမှလာသူများကို quarantine ထားမည်ဖြစ်ပြီး ကုန်တင်ယာဉ်များကို မြို့အဝင်တွင် ယာဉ်မောင်းအစားထိုးမောင်းနှင်ရမည်

ကျောက်မဲတွင် ပြည်ပပြန်၊ ရခိုင်၊ ရန်ကုန်နှင့် မန္တလေးမှလာသူများကို quarantine ထားမည်ဖြစ်ပြီး ကုန်တင်ယာဉ်များကို မြို့အဝင်တွင် ယာဉ်မောင်းအစားထိုးမောင်းနှင်ရမည်
စက်တင်ဘာ 13, 2020
By 🌸
ကျောက်မဲတွင် ပြည်ပပြန်၊ ရခိုင်၊ ရန်ကုန်နှင့် မန္တလေးမှလာသူများကို quarantine ထားမည်ဖြစ်ပြီး ကုန်တင်ယာဉ်များကို မြို့အဝင်တွင် ယာဉ်မောင်းအစားထိုးမောင်းနှင်ရမည်
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် မန္တလေးမှ လာသူအားလုံးကို facility quarantine ထားရန်နှင့် ကုန်တင်ယာဉ်များကို မြို့အဝင်နေရာ၌ ယာဉ်မောင်းအစားထိုးမောင်းနှင်စေသည့်စနစ်ဖြင့် ဝင်ခွင့်ပြုရန် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

“မန္တလေးကလာတဲ့ခရီးသည်မှန်သမျှ အကုန် quarantine ဝင်ရမယ်။ ကုန်တင်ယာဉ်က ယာဉ်မောင်းတွေ ကိုလည်း မြို့ထဲပေးမဝင်ဘဲ သင့်တော်တဲ့နေရာမှာ ယာဉ်မောင်းအစားထိုးပြီး မောင်းပြီးမှဝင်ရမယ်လို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်” 

ဟု ကျောက်မဲ ဒုခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးမှူး ဒေါက်တာ နန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့တွင် COVID 19 ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်မှ လာရောက်သူများနှင့် ပြည်ပမှပြန်လာသူများကို ယခင်က home quarantine ထားသော်လည်း လိုက်နာမှုအားနည်းသဖြင့် မိမိစရိတ်ဖြင့် facility quarantine ဝင်စေသည့်စနစ်ကို ပြောင်းလဲထားခြင်း ဖြစ်သည်။
ရောဂါကူးစက်မှုများသည့်ဒေသမှ လာသူများကို quarantine ထားခြင်းအပြင် ကျောက်မဲမြို့တွင်းသို့ ဝင်နိုင်မည့်လမ်းကြောင်းအားလုံးကို ပိတ်လိုက်ကာ မြို့တွင်းဝင်ရန် ပင်လုံလမ်းတစ်ခုသာဖွင့်ထားပြီး  ကျန်းမာရေး စစ်ဆေးမှုစင်တာထားရှိ စစ်ဆေးနေခြင်းဖြစ်သည်။
ကျောက်မဲမြို့မှ ခရီးသည်တင်ယာဉ်လိုင်းများအား ယာယီရပ်နားထားပြီး ကုန်စည်စီးဆင်းမှု အခက်အခဲ မဖြစ်စေရေးအတွက် ကုန်တင်ယာဉ်များသာ ပြေးဆွဲနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - Mg Ba Oo 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~