က်ိဳင္းတံုၿမိဳ႕ အမွတ္(၄) ရပ္ကြက္အတြင္းမွ တရားမ၀င္စက္သံုးဆီအေရာင္းဆိုင္ (၁)ဆိုင္ကို ေတြ႕ရိွသျဖင့္ အမႈဖြင့္အေရးယူ

က်ိဳင္းတံုၿမိဳ႕ အမွတ္(၄) ရပ္ကြက္အတြင္းမွ တရားမ၀င္စက္သံုးဆီအေရာင္းဆိုင္ (၁)ဆိုင္ကို ေတြ႕ရိွသျဖင့္ အမႈဖြင့္အေရးယူ
မေ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ရိွ စက္သံုးဆီအေရာင္းဆိုင္မ်ားကို ပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၂၄)ရက္ေန႔တြင္ ေရွာင္တခင္စစ္ေဆးရာ တရားမ၀င္ေရာင္းခ်ေနသည့္ စက္သံုးဆီဆိုင္တစ္ဆိုင္ကိုေတြ႔ရသျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

"အခုကၽြန္ေတာ္တို႔ ဖမ္းထားတယ္။ ရဲစခန္းမွာပဲ အမႈစြဲထားတာေပါ့။ ပထမအႀကိမ္ဆိုေတာ့ ကၽြန္ေတာ္တို႔က စီမံမႈနည္းလမ္းေတြအရ အသိပညာေပးအေနနဲ႔ ေနာက္မလုပ္ဖို႔ ကတိခံ၀န္ခ်က္ေလးယူထားတာေပါ့။ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ တရားရံုးတင္ၿပီးေတာ့ ေထာင္ဒဏ္၊ ေငြဒဏ္ေတြခ်မွာေပါ့။ တိုင္တန္းသူေတြ ရိွတာေပါ့။ တရားမ၀င္စက္သံုးဆီအေရာင္းဆိုင္ေတြရိွတယ္ဆိုေတာ့ ကၽြန္ေတာ္တို႔က ၀င္ၾကည့္လိုက္တာေပါ့။ တရား၀င္လိုင္စင္ရိွတဲ့ဆိုင္မဟုတ္တာေတြ႕ရတယ္ေပါ့"ဟု ျမန္မာ့ေရနံထြက္ပစၥည္း ေရာင္း၀ယ္ေရးလုပ္ငန္းမွ  ျပည္နယ္ေရာင္း၀ယ္ေရးအရာရိွ ဦးစိုင္းရီစံခတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ရိွ ေလယာဥ္ကြင္းလမ္းေဘးတြင္ တရားမဝင္ေရာင္းခ်ေနသည့္ စက္သံုးဆီအေရာင္းဆုိင္တစ္ဆုိင္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္ရိွ စက္သံုးဆီအေရာင္းဆိုင္မ်ားကို က်ိဳင္းတုံခရိုင္ျမန္မာ့ေရနံႏွင့္ ေရနံထြက္ပစၥည္းဆိုင္ရာ လုပ္ငန္းမ်ားထိန္းသိမ္းႀကီးႀကပ္ေရးေကာ္မတီမွ ဆီေစ်းႏႈန္းမွန္ကန္ေရး၊ ဆီအရည္အေသြးျပည့္မီေရးႏွင့္ အခ်ိန္အတြယ္ တိက်မွန္ကန္ေရးတို႔အတြက္ ေရွာင္တခင္ကြင္းဆင္းစစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - စားသုံးသူေရးရာ က်ိဳင္းတုံ



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များကို ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်နေ့တွင် ရှောင်တခင်စစ်ဆေးရာ တရားမဝင်ရောင်းချနေသည့် စက်သုံးဆီဆိုင်တစ်ဆိုင်ကိုတွေ့ရသဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

"အခုကျွန်တော်တို့ ဖမ်းထားတယ်။ ရဲစခန်းမှာပဲ အမှုစွဲထားတာပေါ့။ ပထမအကြိမ်ဆိုတော့ ကျွန်တော်တို့က စီမံမှုနည်းလမ်းတွေအရ အသိပညာပေးအနေနဲ့ နောက်မလုပ်ဖို့ ကတိခံဝန်ချက်လေးယူထားတာပေါ့။ နောက်တစ်ကြိမ်ဆိုရင်တော့ တရားရုံးတင်ပြီးတော့ ထောင်ဒဏ်၊ ငွေဒဏ်တွေချမှာပေါ့။ တိုင်တန်းသူတွေ ရှိတာပေါ့။ တရားမဝင်စက်သုံးဆီအရောင်းဆိုင်တွေရှိတယ်ဆိုတော့ ကျွန်တော်တို့က ဝင်ကြည့်လိုက်တာပေါ့။ တရားဝင်လိုင်စင်ရှိတဲ့ဆိုင်မဟုတ်တာတွေ့ရတယ်ပေါ့"ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျိုင်းတုံမြို့ရှိ လေယာဉ်ကွင်းလမ်းဘေးတွင် တရားမဝင်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များကို ကျိုင်းတုံခရိုင်မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ဆီဈေးနှုန်းမှန်ကန်ရေး၊ ဆီအရည်အသွေးပြည့်မီရေးနှင့် အချိန်အတွယ် တိကျမှန်ကန်ရေးတို့အတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net