တာချီလိတ်ရှိ ရန်အောင်မြေရပ်ကွက်ကော်မရှင်ရုံးတွင် ကြိုတင်ဆန္ဒမဲထည့်ခြင်းကို မဲရုံစောင့်ကြည့်သူများ မြင်သာရန် အခက်အခဲရှိ၍ ရုံးပြင်၌ ရွက်ဖျင်တဲထိုး၍ ဆောင်ရွက်မည်

တာချီလိတ်ရှိ ရန်အောင်မြေရပ်ကွက်ကော်မရှင်ရုံးတွင် ကြိုတင်ဆန္ဒမဲထည့်ခြင်းကို မဲရုံစောင့်ကြည့်သူများ မြင်သာရန် အခက်အခဲရှိ၍ ရုံးပြင်၌ ရွက်ဖျင်တဲထိုး၍ ဆောင်ရွက်မည်
နိုဝင်ဘာ 4, 2020
By Tachileik News Agency

တာချီလိတ်ရှိ ရန်အောင်မြေရပ်ကွက်ကော်မရှင်ရုံးတွင် ကြိုတင်ဆန္ဒမဲထည့်ခြင်းကို မဲရုံစောင့်ကြည့်သူများ မြင်သာရန် အခက်အခဲရှိ၍ ရုံးပြင်၌ ရွက်ဖျင်တဲထိုး၍ ဆောင်ရွက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ရပ်ကွက်ကော်မရှင်ရုံးတွင် မဲဆန္ဒထည့်ရမည့်နေရာ ကျဉ်းမြောင်းသဖြင့် မဲရုံစောင့်ကြည့်သူများ စောင့်ကြည့်ရန်အခက်အခဲရှိသဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှစ၍ ရုံးအနီးရှိ ရွက်ဖျင်တဲထိုး၍ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
"ဆန္ဒမဲထည့်တဲ့နေရာရော၊ မဲရုံဝန်ထမ်းတွေ လုပ်ငန်းဆောင်ရွက်ရမယ့်နေရာရော၊ မဲရုံစောင့်ကြည့်မယ့်သူတွေရော ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ်စောင့်ကြည့်နိုင်အောင် မိုးကာတဲနဲ့ ကျယ်ကျယ်လုပ်ပြီး နေရာချထားပေးပါမယ်"ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဦးအောင်မင်းက နိုဝင်ဘာလ(၄)ရက်နေ့တွင် ပြောသည်။
အဆိုပါ မဲရုံ၌ နိုဝင်ဘာလ (၄) ရက်နေ့တွင် ဆန္ဒမဲလာထည့်သူတစ်ဦးက မဲပေးပုံအား နားမလည်သဖြင့် မေးမြန်း၍ မဲရုံတာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်ကို မည်သည့်ကိုယ်စားလှယ်အား မဲထည့်ရမည်ကို ပြောပြနေသည်ဟု မဲရုံစောင့်ကြည့်သူတစ်ဦးက ယူဆသဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြို့နယ်ကော်မရှင်ဥက္ကဌနှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ မဲရုံဝန်ထမ်းက ဆန္ဒမဲပြုသည့်နေရာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် မဲစာရွက်ထုတ်ပြီး မည်သို့မဲပေးရမည် မရှင်းလင်း၍ မေးမြန်းမှုအား ဖြေကြားပေးခဲ့ခြင်းသာဖြစ်ကြောင်းနှင့် ရုံးနေရာကျဉ်းမြောင်းသဖြင့် မဲထည့်သည့်နေရာမှာ  မဲရုံဝန်ထမ်းများ မဲစာရွက်ထုတ်ပေးသည့်နေရာမှာ နီးကပ်နေခြင်း၊ မဲရုံစောင့်ကြည့်သူများ မြင်သာသည့်အနေအထားတွင် မရှိခြင်းတို့အား တွေ့ရသဖြင့် မဲရုံကိုပို၍ ကျယ်ဝန်းပြီး စောင့်ကြည့်လေ့လာသူများ မြင်သာသည့်အနေအထားဖြစ်စေရန် ပြင်ဆင်ရေးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~