တာချီလိတ်မြို့ရှိ  ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် ခန့်ထားသည့် ကျန်းမာရေးဝန်ထမ်းများ၏ အချက်အလက်များ တောင်းခံ

တာချီလိတ်မြို့ရှိ  ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် ခန့်ထားသည့် ကျန်းမာရေးဝန်ထမ်းများ၏ အချက်အလက်များ တောင်းခံ
အောက်တိုဘာ 17, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများအားလုံးတွင် ခန့်ထားသည့် ကျန်းမာရေးဝန်ထမ်းများ၏ အမည်စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များကို တောင်းခံနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ၏ ကိုယ်ရေးအချက်အလက်များကို ပြုစုပြီး တာချီလိတ်ခရိုင်ကုသရေးဦးစီးဌာနသို့ မပျက်မကွက်ပေးပို့ရမည်ဟု အကြောင်းကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလို တောင်းခံခြင်းမှ မည်သည့်ကိစ္စအတွက်ဟု အသိမပေးထားဘဲ တောင်းခံထားသည့် အချက်အလက်များကို အမြန်ဆုံးပေးပို့ရမည်ဟု အသိပေးထားခြင်း ဖြစ်သည်။

 

တာချီလိတ်မြို့တွင်  ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း စုစုပေါင်း (၂၅)ခုအထက်ရှိကြောင်း သိရသည်။