တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၄)ဦးထပ်တိုး

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၄)ဦးထပ်တိုး
နိုဝင်ဘာ 29, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ (၄)ဦးထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် (၁၀) နာရီ မိနစ် (၂၀) အထိ COVID 19 အတည်ပြုလူနာ (၄) ဦး ထပ်တိုးလာသဖြင့် ဟိုတယ်ဝန်ထမ်းနှင့်ဆက်စပ်သည့် အတည်ပြုလူနာ စုစုပေါင်း (၁၄) ဦးရှိလာပြီဖြစ်သည်။
“ဒီဟာက fever corner မှာစစ်တယ်ဆိုပေမဲ့ contact tracing corner ပြောရမှာပေါ့။ အခုတွေ့ရတဲ့အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေ၊ ထိတွေ့ဆိုတာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ Mask မပါဘဲ စကားပြောဖြစ်တာမျိုးကအစပေါ့။ အဲဒီမှာ အခုအတည်ပြုလူနာတွေနဲ့ ထိတွေ့လို့ ကိုယ့်ကိုကိုယ် သံသယရှိသူတွေ လာစစ်နေကြတာပါ။”ဟု ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ဆေးရုံတွင် နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် (၁၀)နာရီ မိနစ် (၂၀) ဝန်းကျင်အထိ အတည်ပြုလူနာ စုစုပေါင်း (၁၆)ဦးရှိနေသည့်အနက် 1G1 ဟိုတယ်နှင့်ဆက်စပ်သည့် အတည်ပြုလူနာ (၁၄)ဦးပါဝင်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~