တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ နောက်ထပ် (၂)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ နောက်ထပ် (၂)ဦး ထပ်တိုး
နိုဝင်ဘာ 28, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ  နောက်ထပ် (၂)ဦး ထပ်တိုး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ပိုးတွေ့သူ (၂) ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်း စစ်ဆေးမှုအတွင်းတွေ့ရှိထားသဖြင့် တာချီလိတ်ဆေးရုံတွင် အတည်ပြုလူနာ စုစုပေါင်း (၁၁)ဦး ရှိလာပြီဖြစ်သည်။
ထပ်တိုးလာသည့်လူနာ (၂)ဦးမှာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မှ အခြားဒေသများသို့ သွားရောက်ခဲ့ခြင်းမရှိဘဲ COVID 19 ကူးစက်ခံထားရသူတစ်ဦးကို နိုဝင်ဘာလ (၂၅) ရက်နေ့က စတင်တွေ့ရပြီးနောက် အတည်ပြုလူနာနှင့် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေ စစ်ဆေးပေးခြင်းအပြင် မိမိကိုယ်ကို သံသယရှိသူများလည်း နိုဝင်ဘာလ (၂၈) ရက်နေ့မှစ၍ ဆေးရုံဟောင်းရှိ Fever Clinic တွင် လာရောက်စစ်ဆေးနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~