တာချီလိတ်တွင် Covid-19 ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း (၂၅) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

တာချီလိတ်တွင် Covid-19 ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း (၂၅) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား
ဇွန် 15, 2020
By Tachileik News Agency

တာချီလိတ်တွင် Covid-19 ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း (၂၅) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်းရှိ လိုင်စင်ရ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများထဲမှ ၂၀၂၀ ခုနှစ် ဇွန်လ (၉) ရက်နေ့အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၂၅) လုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးနောက် ထပ်မံတင်ပြလာသည့် ဟိုတယ်များကိုလည်း ခွင့်ပြုပေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့် တင်ပြထားသည့် တာချီလိတ်မြို့မှ ရွှေဘူးသီးဟိုတယ်၊ Baitong Hotel ၊ Royal Yadanar Hotel၊ ရွှေစင် (၂)ဟိုတယ်၊ ရွှေရေကန်ဟိုတယ်၊ မဲခေါင်မြစ်ဟိုတယ်၊ ရွှေမိသားစုဟိုတယ်၊ မြလင်းပွင့်ဟိုတယ်၊ 1G1 7 Hotel၊ 1G1 8 Hotel၊ ဆင်ဖြူမင်းဟိုတယ်၊ Loma Hotal ၊ Rose Myanmar Hotel၊ Golden Cherry Hotel ၊ ဆန်ဆိုင်းဟိုတယ်၊ Hotel Tachileik ၊ စန္ဒာလင်းတည်းခိုရိပ်သာ၊ Platinum Star နှင့် Green Mountain တို့ကို မေလ(၂၉)ရက်နေ့က  ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။

ဆက်လက်တင်ပြလာသည့် ဟိုတည်နှင့်တည်းခိုရိပ်သာများထဲက ZION Hotel ၊ Golden Lucky Motel ၊ The Nich Motel ၊ Sweet Dream World Motel ၊Shang Harn Hotel နှင့် ရွှေနဂါးမိုတယ် တို့ကို ၂၀၂၀ခုနှစ် ဇွန်လ(၉)ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း  ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက ၂၀၂၀ခုနှစ် ဇွန်လ(၁၅)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားရှိသည်။

တာချီလိတ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုလိုင်စင်ဖြင့် ဖွင့်လှစ်ခွင့်ရရှိထားသည့် ဟိုတယ်၊ မိုတယ် နှင့် တည်းခိုရိပ်သာ စုစုပေါင်းမှာ  (၅၄)လုံးအထိ ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~