တာချီလိတ်၏ ပထမဆုံး အတည်ပြုလူနာ၏ ဇနီးဖြစ်သူ နှင့် အိမ်အကူတို့အား ဒုတိယအကြိမ် စစ်ဆေးရာ covid-19 ပိုးမတွေ့

တာချီလိတ်၏ ပထမဆုံး အတည်ပြုလူနာ၏ ဇနီးဖြစ်သူ နှင့် အိမ်အကူတို့အား ဒုတိယအကြိမ် စစ်ဆေးရာ covid-19 ပိုးမတွေ့
ဧပြီ 25, 2020
By Tachileik News Agency
တာချီလိတ်၏ ပထမဆုံး အတည်ပြုလူနာ၏ ဇနီးဖြစ်သူ နှင့် အိမ်အကူတို့အား ဒုတိယအကြိမ် စစ်ဆေးရာ covid-19 ပိုးမတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 96) ၏ နေအိမ်မှ ဓါတ်ခွဲစစ်ဆေးသူ (၂)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့၌  ဓါတ်ခွဲအဖြေရရှိထားကြောင်း  သိရသည်။

“ရှမ်းအရှေ့က ပို့ထားတဲ့ ဓါတ်ခွဲနမူနာတွေထဲမှာ တာချီလိတ်က (၂)ယောက်တော့ စစ်ဆေးတာထဲ ပါတယ်။ ကျန်တာတွေတော့ မပါလာသေးဘူး”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့မှ ပထမဆုံး COVID 19 အတည်ပြုလူနာ (Case 96)၏ ဇနီး အပါအဝင်  အတည်ပြုလူနာ (Case 112) ဖြင့်ထိတွေ့သည့် တာချီလိတ်၊ မိုင်းဆတ်နှင့် ကျိုင်းတုံမှ စုစုပေါင်း (၆၉) ဦး၏ ဓါတ်ခွဲနမူနာများကို ဧပြီလ (၂၃) ရက်နေ့က ပို့စစ်ထားခြင်းဖြစ်သည်။

တာချီလိတ်မှ ပထမဆုံး အတည်ပြုလူနာဖြစ်သည့် ကျန်းမာရေးဝန်ထမ်း (Case 96)၏ ဇနီးဖြစ်သူနှင့် အိမ်အကူအား ပထမအကြိမ် ဓါတ်ခွဲစစ်ဆေးခဲ့စဉ်က ပိုးမတွေ့ကြောင်း  ဓါတ်ခွဲအဖြေရရှိထားပြီး အသွားအလာကန့်သတ်ထားသည့်ရက် ပြည့်ခါနီးဖြစ်၍ ဒုတိယအကြိမ်  ဓါတ်ခွဲစစ်ဆေးရာတွင်လည်း ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေ ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာဖြစ်သည့် (Case 112)နှင့် အနီးကပ်ထိတွေ့ သည့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင်  တာချီလိတ်နှင့် ကျိုင်းတုံ၌ ထိတွေ့မှုရှိ၍ အသွားအလာ ကန့်သတ်ထားသူ  စုစုပေါင်း (၂၃၉) ဦးအနက် (၄၆)ဦး၏ ဓါတ်ခွဲနမူနာများ၊ ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၁) ဦး၊ မိုင်းဆတ်မှ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ (၁)ဦးနှင့် တာချီလိတ်ရှိ Facilities Quarantine မှ (၁၉) ဦး၏ ဓါတ်ခွဲနမူနာများကို ဧပြီလ (၂၃) ရက်နေ့က ပေးပို့ထားပြီး ဓါတ်ခွဲအဖြေစောင့်နေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~