ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည့် တာချီလိတ်မြို့၏ ပထမည စစ်ဆေးမှု

ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည့် တာချီလိတ်မြို့၏ ပထမည စစ်ဆေးမှု
ဧပြီ 21, 2020
By Tachileik News Agency
ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည့် တာချီလိတ်မြို့၏ ပထမည စစ်ဆေးမှု

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ညမထွက်ရအမိန့် စတင်လိုက်တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ ည (၁၀) နာရီကစပြီး မြို့ပေါ်ရပ်ကွက်များအလိုက် လှည့်လည်စစ်ဆေးရာမှာ မလိုက်နာသူအချို့ကိုတွေ့ရတဲ့အတွက် နောက်ဆုံးအကြိမ် သတိပေးထားပါတယ်။

ဧပြီလ (၂၀)ရက်ကနေ မေလ (၁၉)ရက်နေ့အထိ ည (၁၀)နာရီကနေ မနက် (၄)နာရီအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ရှိသူ အပါအဝင် လူနာနဲ့ ကုန်တင်ယာဉ်များကလွဲလို့ အပြင်ထွက်သွားလာခွင့်မရှိကြောင်း စပြီးထုတ်ပြန်တဲ့နေ့မှာပဲ စစ်ဆေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီအမိန့်ကြေညာချက်ကို ညနေပိုင်းမှာ ရပ်ကွက်များအလိုက် ကြေညာတာတွေလုပ်ပြီး ညပိုင်းမှာ စတင်စစ်ဆေးတာဖြစ်သလို အတည်ပြုလူနာ (၂)ဦးရှိလာပြီဖြစ်တဲ့ တာချီလိတ်မြို့မှာ အများစုက လိုက်နာကြတာ တွေ့ရပါတယ်။

တာချီလိတ်မြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ချိုးဖေါက်ရင် ထောင်ဒဏ် (၁)လကနေ (၆)လအထိ ချမှတ်နိုင်မယ့် ဥပဒေနဲ့ ခြွင်းချက်မရှိ အရေးယူသွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားပါတယ်

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~